လာအိုနိုင်ငံ၌ ဇူလိုင်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၁၁၄သန်းရှိ

 

ဗီယင်ကျန်း ဩဂုတ် ၁၅

 

လာအိုနိုင်ငံတွင် ဇူလိုင်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁၄ သန်းရှိခဲ့ကြောင်း လာအိုနိုင်ငံကုန်သွယ်ရေး ဝက်ဘ်ဆိုက်က ပြောသည်။  ဇူလိုင်လအတွင်း ကုန်သွယ်မှုတန်ဖိုးသည်  အမေရိကန်ဒေါ်လာ ၉၆၈ သန်းအထိရှိခဲ့ရာ ယင်းတို့အနက် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၂၇သန်းရှိပြီး သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၄၁ သန်း ရှိခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံ၏ ပို့ကုန်ပစ္စည်းများမှာ ရွှေနှင့်  သစ်သားပျော့ဖတ်များ ဖြစ်ပြီးသွင်းကုန်ပစ္စည်းများမှာ ဒီဇယ်၊ စက်ပစ္စည်းများ၊ တိရစ္ဆာန်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများနှင့် ပလတ်စတစ် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံသည် လာအိုနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့နှင့်လည်း ကုန်သွယ်ခြင်းများ ရှိကြောင်းသိရသည်။ လာအိုနိုင်ငံမှ အဓိကပို့ကုန် တင်ပို့သည့်နိုင်ငံများမှာ ထိုင်း၊  တရုတ်၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့  ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ