ပင်လည်ဘူး၊ ပုသိမ်ကြီးနှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော် ၁၇ အောက်တိုဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ငှောချယ်ကျေးရွာအနီးတွင် ထွန်းခင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့က ထွန်းခင်၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုတို့ကိုလည်းကောင်း။

 

အလားတူ အောက်တိုဘာ ၁၅ ရက် ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင် စစ်ဆေးရေးဂိတ်တွင် အတာဦး (ခ) ချက်ဖောင်း မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် အဆိုပါ မော်တော်ယာဉ်မှ ကြိုးဖြင့်ဆွဲလာသော နေမင်းထွန်း(ခ)ကန်ချား လိုက်ပါလာသည့် မော်တော်ယာဉ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် နေမင်းထွန်း(ခ)ကန်ချားမှာ ထွက်ပြေးသွားသဖြင့် ၎င်းယာဉ်(၂)စီးအား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၉ ဒသမ ၄၆ ကီလို ငွေကျပ်  ၅,၆၇၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မြတ်လေးလမ်း၊ မ-စ/၄၈ နေ စည်သူအောင် အားလည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မြတ်လေးလမ်း၊ မ-စ/၁၉ နေ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော အားလည်းကောင်း၊ အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ ၆ လမ်းဆုံအနီး၌ ကျော်မိုးနိုင်(ခ) အငယ်လေး အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ နောင်တရားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာနေ တီးမောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား