ဘိုင်ဒင်သာ သမ္မတဖြစ်မယ်ဆိုရင် အမေရိကန်က ပုံမှန်အတိုင်းပြန်ဖြစ်လာမလား



ထွန်းသစ်စ
ဂျိုးဘိုင်ဒင်သာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရမယ်ဆိုပါက သူဟာ ကမ္ဘာ့အလယ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမစိတ္တရှိတဲ့ ခေါင်းဆောင်မှုအပိုင်းကို ပြန်လည်ဖော်ဆောင်သွား မယ်လို့ ကတိပေးခဲ့ပါတယ်။ သို့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လေးနှစ်နီးပါးကျင့်သုံးခဲ့တဲ့ စံချိန်စံနှုန်းတွေ၊ သတ်မှတ်ချက်တွေကို ဒီမိုကရက်တစ် တစ်ယောက်က ရုတ်တရက်ပြောင်းလဲဖို့ တတ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အိမ်ဖြူတော်ထဲကို ဝင်ရောက်လာမယ်
လွှတ်တော်အမတ်အဖြစ် ၃၆ နှစ်နဲ့ ဒုတိယ သမ္မတအဖြစ်    ယခင်   အမေရိကန်သမ္မတ ဘားရက် အိုဘားမားရဲ့လက်အောက်မှာ ရှစ်နှစ် ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုး ဘိုင်ဒင်ဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ သာ    အနိုင်ရခဲ့မယ်ဆိုရင်  ဆယ်စုနှစ်တွေ အတွင်းမှာ အမေရိကန်သမ္မတတွေ အားလုံး ထက်သာတဲ့ နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံ တွေနဲ့  အိမ်ဖြူတော်ထဲကို  ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
သက်ဦးဆံပိုင်အုပ်ချုပ်သူကြီး 
အမေရိကန်သမ္မတထရမ့်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ သံတမန်ဆိုင်ရာ သဘောတူညီမှု တွေ ဖျက်သိမ်းရတာကို သဘောကျနှစ်ခြိုက်တတ်သူကြီးဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဆိုရင်   ဖျက်သိမ်းခဲ့တဲ့   သဘောတူညီမှုတွေ အတော်များများလည်း ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ပါရီရာသီဥတုသဘောတူညီချက်ကို ဖျက်သိမ်း တာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နုတ်ထွက်မယ် လို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။ ဒါတင်မက သေးဘဲ သူဟာ အီရန် သဘောတူညီချက်ကနေ ပြီးတော့လည်း နုတ်ထွက်ခဲ့ပါတယ်။ အဲဒီလို တွေ     လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်  သူ့ကို သက်ဦးဆံပိုင်        အုပ်ချုပ်သူကြီးလို့တောင် ခေါ်ဝေါ်သမုတ် ခဲ့ကြပါတယ်။ 
ဆက်လက်စောင့်ကြည့်ရမယ် 
အပြည်ပြည်ဆိုင်ရာ  မိတ်ဖက်နိုင်ငံတွေက အမေရိကန်သမ္မတ           ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့  ပတ်သက်ပြီး  အံ့ဩ မှင်သက်လျက်ရှိပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ သူ့အတွက်တော့   ရေးကြီးခွင်ကျယ်မဟုတ် လောက်ပါဘူး။ သို့သော်လည်း အမေရိကန် မဲဆန္ဒရှင်တွေက   သူ့လိုလူကို    ကြိုက်ပြီး ဆက်လက်ရွေးချယ်မလား၊ မရွေးချယ်ဘူးလား ဆိုတာကတော့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါ တယ်။
အရင်အတိုင်း ကျင့်သုံးဖို့မလွယ်
အမေရိကန်တိုးတက်ရေးဆိုင်ရာ လက်ဝဲ ယိမ်းဌာန၏ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ မူဝါဒရေးရာစီမံခန့်ခွဲရေး   ညွှန်ကြားရေးမှူး ကာထရီနာ မူလီဂန်က ဘိုင်ဒင်သာ သမ္မတဖြစ် သွားရင် သူ့အစိုးရဟာ သူ့ရဲ့ ကတိကဝတ်တွေကို လျင်လျင်မြန်မြန်  အကောင်အထည်ဖော်ပြ လိမ့်မယ်လို့ ထင်မြင်မိပါတယ်လို့ ပြောပါတယ်။ ဘိုင်ဒင်ဟာ   သူ့ရဲ့  သမ္မတပထမနှစ်မှာ ဒီမို ကရေစီနိုင်ငံတွေနဲ့ အစည်းအဝေးပြုလုပ်မယ်လို့ ကတိပေးပြောကြားထားတာ     ရှိပါတယ်။ ဒါပေမယ့်           အိုဘားမားခေတ်တုန်းကလို နိုင်ငံခြားရေးမူဝါဒတွေကိုတော့   သူ့အနေနဲ့ ကျင့်သုံးဖို့ လွယ်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့   ကမ္ဘာကြီးက   အများကြီးပြောင်းလဲ နေပြီ။ ၉/၁၁ တိုက်ခိုက်မှု ဖြစ်သွားတာတောင် နှစ်နှစ်ဆယ် လောက်ရှိခဲ့ပြီလို့ သူက ပြောပါတယ်။ 
ရင်ဆိုင်သွားမယ်လို့ ကတိပေး 
ဘိုင်ဒင်ဟာ     ရာသီဥတုပြောင်းလဲမှုနဲ့ ကိုဗစ် - ၁၉  ကပ်ရောဂါလို  ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို   ရင်ဆိုင်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ထို့အတူပဲ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့လည်း ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ တူရကီတို့လိုနိုင်ငံတွေနဲ့ ပိုပြီး ခိုင်မာစွာ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းပြောကြားထားတာရှိပါတယ်။ 
ဒီမိုကရက်တွေကို လေ့လာနေတဲ့ ဘရွတ် ကင်းအင်စတီကျုရဲ့ ဧည့်ပညာရှင်တစ်ယောက် ဖြစ်တဲ့  စီလီယာဘီလင်က ဘိုင်ဒင်မှာ အကြံပေး တွေရှိတယ်။ သူတို့တွေဟာ အမေရိကန်သမ္မတ ထရမ့်ရဲ့  နိုင်ငံခြားရေးမူဝါဒကို  ကျော်လွန်ပြီး ထူးခြားကောင်းမွန်ဆန်းသစ်တဲ့   စိတ်ကူးစိတ် သန်းတွေရှိတယ်လို့       ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း   ခက်တာက   ဘိုင်ဒင်နဲ့  သူ့ရဲ့ ထိပ်တန်းလက်ထောက်တွေဟာ ရှေးရိုးသမား ကြီးတွေဖြစ်ကြတယ်လို့    သူက  ပြောပါတယ်။ ကမ္ဘာကြီးကို   သူတို့ပုံစံအတိုင်းကြည့်နေမယ်ဆိုရင်တော့ အဲဒါကဒီနေ့ဖြစ်နေတဲ့ ပုံစံမဟုတ် ဘူးလို့လည်း ပြောလိုက်ပါတယ်။ 
ဘိုင်ဒင်ဟာ     နိုင်ငံခြားမဟာမိတ်တွေကို သိမ်ငယ်စေမယ့်ပုံလည်းမပေါ်သလို တွစ်တာ ပေါ် မှာလည်း ခြိမ်းခြောက်စစ်ပွဲတွေ ဖန်တီးမယ့် ပုံလည်း မရှိပါဘူး။ ထို့အတူ  သူဟာ  အမေရိကန် သမ္မတထရမ့်နဲ့လည်း     ကမ္ဘာ့ရန်ဘက်တွေ မဟုတ်ကြပါဘူး။ 
တချို့နေရာတွေမှာ သဘောထားချင်းတိုက်ဆိုင် 
အိမ်ခြံမြေ     သူဌေးကြီးလိုပဲ   ဘိုင်ဒင်ဟာ ပထဝီဝင်နိုင်ငံရေး     မဟာဗျူဟာတွေကို ထိုင်ပြောနေတာထက် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ   အာမခံပေးနိုင်မှုနဲ့  ညှိနှိုင်းမှု စွမ်းရည်တွေကို အားကိုးသူပဲ ဖြစ်ပါတယ်။
ဘိုင်ဒင်ဟာ ထရမ့်နဲ့အတော်များများ ကိစ္စ တွေမှာ သဘောတူပါတယ်။  အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန်စစ်ပွဲဖြစ်နေတာကို သဘော မကျတဲ့   ဘိုင်ဒင်ဟာ   အမေရိကန်တပ်ဖွဲ့တွေ ပြန်ဆုတ်ဖို့ ထောက်ခံခဲ့ပါတယ်။ ဝါရှင်တန်မှာ သဘောထား   ရပ်တည်ချက်တွေ  မတူတော့ ဘိုင်ဒန်ဟာ   ကုန်သွယ်ရေးနဲ့   ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ်   သဘောထားတင်းမာခဲ့ ပါတယ်။ 
သမ္မတထရမ့်လက်ထက် လုပ်ဆောင်ချက် အချို့ကတော့ ကုန်သွယ်ရေးအပေါ် သဘော ထား  တင်းမာပြီး   ကိုယ်ပိုင်ငွေကြေးဆိုင်ရာ လုံခြုံရေး  ကိစ္စနဲ့ပတ်သက်ပြီး   ဥရောပသမဂ္ဂ အပေါ် ဖိအားပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ တရုတ် နိုင်ငံရဲ့အရေးကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆို တာအတော့်ကို   စဉ်းစားရခက်ခဲတဲ့  မေးခွန်း တစ်ခု ဖြစ်ပါတယ်။ 
အမေရိကန်ရဲ့ လွှမ်းမိုးမှုဟာ တဖြည်းဖြည်းပြောင်းလဲလာမယ်
သို့သော်လည်း   ဘိုင်ဒင်သာ  အမေရိကန် သမ္မတဖြစ်သွားမယ်ဆိုရင်   ဒီအခြေအနေ တွေဟာ    တစ်မျိုးတစ်ဖုံပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်။
ဘိုင်ဒင်သာ  သမ္မတဖြစ်မယ်ဆိုရင် သူဟာ ပထမဆုံးအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်ပြီး နိုင်ငံခြားနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ရည်မှန်း ချက်တွေကို စည်းမျဉ်းလိုက်နာ ဘေးကင်းကွာ တဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ 
ကမ္ဘာကြီးက ပြောင်းလဲလာနေတဲ့အတွက် ကမ္ဘာကြီးအတွင်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ဟာလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာမယ် လို့ မျှော်လင့်ရပါတယ်။     ။
ကိုးကား- အေအက်ဖ်ပီ

မြန်မာ့အလင်း