ခေါဇာမြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခေါဇာ ၂၇  အောက်တိုဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ ဝန်ထမ်းများက ခေါဇာမြို့၊ ကိုးမိုင်‌ကျေးရွာမှ ပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခေါဇာမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုးမိုင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ(၉၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း ‌ခေါဇာမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)

 

mdn