မန္တလာသီရိ အားကစားကွင်းအတွင်းမှာ ကိုဗစ် ၁၉ အတည်ပြု လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ယာယီစင်တာတည်ဆောက်နေမှု လာမည့် ၁၀ ရက်အတွင်းပြီးစီးနိုင်မည်

မန္တလေး  ၂၇  အောက်တိုဘာ

 

ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုဖြင့် မန္တလာသီရိ အားကစားကွင်းအတွင်းမှာ ကိုဗစ် ၁၉ အတည်ပြု လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ ယာယီစင်တာတည်ဆောက်နေမှု လာမည့် ၁၀ ရက်အတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစင်တာတွင် ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ သုံးရာခန့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ လျာထားကြောင်း သိရသည်။

 

 "ဆောက်မှာက အဆောင် သုံးဆောင်ပါ။ တည်ဆောက်ရေး ပစ္စည်းတွေ ရောက်နေပါပြီ၊  လူနာတွေ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ Facilities တွေ ထည့်ပြီးတဲ့အထိ ဆိုရင် ဆယ်ရက်လောက်ကြာရင် ပြီးမယ် မှန်းထားတယ်"ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ၄င်း၏ ဖေ့ဘွတ်တွင်ရေးသားထားသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါစင်တာအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလာသီရိအားကစားကွင်းအတွင်းရှိ ဘက်စကတ်ဘော အားကစားခန်းမနှင့် ကျောင်းသား အဆောင်များအား ကွာရန်တင်းစင်တာအဖြစ် ထားရှိဖို့ စီစဥ်နေကြောင်းသိရသည်။

 

အဆိုပါနေရာများအားလုံးတွင် ရေ၊ လျှပ်စစ်မီးရဖို့၊ သန့်စင်ခန်းတွေ၊ သန့်ရှင်းရေးတွေ ကောင်းဖို့၊ လုံခြုံရေးကောင်းဖို့၊ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။

 

မန္တလေးခရိုင်နှင် အနီးတစ်ဝိုက် မြို့နယ်၊ ဒေသတွေက ကိုဗစ် အတည်ပြုလူနာတွေကို ကန်တော်နဒီဆေးရုံ၊ ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်း ဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံ၊ ဇီးပင်ကြီး ဆေးရုံ၊ အလုပ်သမားဆေးရုံကြီး၊ ၆၂ လမ်း ဇီဝိတဒါန သာသနာ့အထူးကု ဆေးရုံကြီး‌တွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေသည်။

 

လူနာနဲ့ ထိတွေ့သူမျာအားဇီဝိတဒါန သံဃဆေးရုံကြီး၊ မန္တလာတက္ကသိုလ်၊ ဇီးပင်ကြီး၊ ဧရာဝတီစင်တာ၊ Multipurpose Stadium (Mandalay)၊ မန္တလေး ပညာရေး ဒီဂရီကောလိပ်၊ ကျောက် ဆည်တက္ကသိုလ်၊ တအုံမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွေမှာ Facility Quarantine ထာပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေသည်ဟု သိရသည်။

 

မေသက်ထား

Photo - ဒေါက်တာဇော်မြင့်မောင် Facebook