ဗာတီကန်မှာ ခရစ်စမတ် ပွဲတော်ကို လူစုလူဝေးနဲ့ ဝတ်ပြုခြင်း မလုပ်ဘဲ ကျင်းပမယ်လို့ ထုတ်ပြန် ကြေညာ

၂၇ အောက်တိုဘာ

 

 

ဗာတီကန်မှာ နှစ်စဉ် ခရစ်စမတ် အချိန်အတွင် ကတ်သရစ် ဘာသာဝင်တွေ စုဝေးပြီး ဝတ်ပြုနေရာ ဒီနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေတဲ့အတွက် လူစုလူဝေးနဲ့ ဝတ်ပြုခြင်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကတ်သရစ်သတင်းဌာန (CNA)က တနင်္လာနေ့မှာ ရေးသားထားပါတယ်။

 

 

ဒီနှစ်မှာ ကျင်းပမယ့် ခရစ်စမတ် ပွဲတော်မှာ အွန်လိုင်းကနေသာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ နှစ်စဉ် ဒီဇင်ဘာလမှာ ထောင်ချီတဲ့ ကတ်သရစ် ဘာသာဝင်တွေဟာ ဗာတီကန်ကို လာရောက်ပြီး ဝတ်ပြုခြင်း အစီအစဉ်တွေမှာ ပါဝင်လေ့ ရှိပါတယ်။

 

 

ဗာတီကန်ရှိ စိန့်ပီတာ ရင်ပြင်မှာ မယ်တော်မေရီ ပူဇော်ပွဲတော် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကျင်းပမှာ ဖြစ်သလို ခရစ်စမတ် အကြိုနေ့မှာ နှစ်စဉ် ပြုလုပ်နေကျ ခရစ်တော်အား ချီးမွမ်းမှုကိုလည်း  ပုပ်ရဟန်းမင်း က ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

 

 

အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ စားသောက်ဆိုင်နဲ့ ဘားတွေကို ညနေ ၆ နာရီမှာ ပိတ်ရန်နဲ့ ပြဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစား ခန်းမတွေကို တစ်လတိတိ ပိတ်ထားရန် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် အီတလီ နိုင်ငံမှာ လူပေါင်း ၃၇,၀၀၀ ကျော် သေဆုံးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a1