ဇလွန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရန်ကွင်းဆင်း စစ်ဆေး

ဇလွန် ၂၁ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် ယနေ့  နံနက် ၈ နာရီခန့်မှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

           

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းနှင့် ပူပေါင်းအဖွဲ့တို့မှ ဇလွန်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်စားသောက်ဆိုင်မှတာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရမည့် Physical Distancing နမှုနာပုံစံများ၊ လက်ဆေးဘေစင်များထားရှိခြင်း၊ ချက်ပြုတ်ရောင်းချနေသော အခန်းများအား သန့်ရှင်းစွာ ဆောင်ရွက်ထားရှိခြင်း၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး စံသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)

 

mdn