ပင်းတယမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားလမ်းလုပ်ငန်း စတင်ဆောင်ရွက်

ပင်းတယ  ၂၂  နိုဝင်ဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် မဲနယ်တောင်-ကုန်းဆုံ-မြေပြို ကျေးရွာချင်းဆက် မြေသား လမ်း (၃/၂)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၃၇၄ သန်းဖြင့် လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါမြေသားလမ်းဆောင်ရွက်ပြီးစီးပါက ပင်းတယမြို့နယ် မဲနယ်တောင်ကျေးရွာ၊ ကုန်းဆုံကျေးရွာနှင့် မြေပြိုကျေးရွာများရှိ အိမ်ခြေ ၅၂၈ အိမ်၊ လူဦးရေ ၂၀၂၂ ဦးအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

သီဟစည်သူ