ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရေး Physical Fitness Dance နှင့် Mask Campagin များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗန်းမော်   ၂၂   နိုဝင်ဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Physical Fitness Dance နှင့် Mask Campagin များ အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုကို နိုဝင်ဘာ ၂၂ ရက် နံနက် ၈ နာရီက ဗန်းမော်မြို့တွင် သာစည်ရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက် အမှတ်(၁) နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ဗန်းမော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ဦးစီး၍ ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များ ပူးပေါင်းကာ ဗန်းမော်မြို့တွင်း၌ လမ်းသွားလမ်းလာ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ခုရေ (၂၅၀၀)ကို အခမဲ့ဝေငှပေးခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ဖြင့် Physical Fitness Dance အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရေး Physical Fitness Dance နှင့် Mask Campagin များ အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုကို အမှတ်(၂)သတ္တုတွင်း လုပ်ငန်းနှင့် ဗန်းမော်မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနတို့က ဦးစီး၍ ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များ ပူးပေါင်းကာ အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

           

ခရိုင်ပြန်/ဆက်