ဇလွန်မြစ်ကြောင်းနှင့် အင်းအတွင်း တရားမဝင်ငါးဖမ်းဆီးမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဇလွန် ၂၇ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမင်းဇော်သည်  ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးရုံးမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်ပို့တစ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ လိုက်ပါလျက်  ရေလဲကျေးရွာနှင့် မြစ်ဝကျေးရွာအုပ်စုရှိ နန်းတော်ကျွန်းပေါ် သစ်ထုံးအင်းနှင့် ဇလွန်မြစ်ကြောင်းအတွင်း ဘက်တ္ထရီရှော့တိုက်ခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းနည်း/ ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးထုတ်လုပ်ရောင်းချမှုမရှိစေရေး ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန