လှိုင်းဘွဲမြို့နယ်၌ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားကျင်းပ

လှိုင်းဘွဲ  ၊ ၁၄  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ပအိုးဝ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြသီတာအောင်စိုးစိုး ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးရန်နိုင်ထွဋ်နှင့် လှိုင်းဘွဲမြို့နယ် ဘောလုံးဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာဝင်းမြင့်ထွန်း တို့က မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန်အတွက် မင်္ဂလာပန္နက်တင်ခြင်း၊ အောင်သပြေဖြင့် အမွေးနံ့သာ ပက်ဖျန်းခြင်း တို့ကို ဆောင်ရွက်ကြသည်။

 

မိုးလုံလေလုံအားကစားရုံသည် အလျား ပေ ၁၂၀၊ အနံ ပေ ၉၀၊ အမြင့် ၃၆ ပေ ရှိကာ ပြည်ထောင်စု ရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ် ၂၉၇ ဒဿမ ၆ သန်း ဖြင့် ဇန်နဝါရီလမှစတင်၍ ခြောက်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)