ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " ဝဥ " စိုက်ပျိုးနည်း  သင်တန်းဖွင့်လှစ်

ဝန်းသို၊   ၁၄  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု"ဝဥ"စိုက်ပျိုးနည်း အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် အောင်းပင်အုပ်စု၊ လက်ပံကျင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွတ်‌တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုး ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ သင်တန်းနည်းပြ ဆရာများက မိတ်ဆက် အမှာစကာပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးဆွေးပွဲရလာဒ်အရ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၅)ရက်တာ သင်ကြားပေးသွာမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အောင်ပင်ကျေးရွာမှ(၁၁)ဦး၊ လက်ပံကျင်းကျေးရွာမှ(၁၁)ဦး၊ ဂွေးတောက် ကျင်းကျေးရွာမှ (၁၁)ဦး၊ ကွန်းပေါင်းကျေးရွာမှ (၇)ဦး၊ စုစုပေါင်း (၄၀) ဦးတက်ရောက် သင်ကြားလျှက် ရှိပြီး ယင်းသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်မှုဖြင့်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

မွှေးကြူဇင်