စပိန်နှင့် ပေါ်တူဂီတို့က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် စီစဉ်နေ

၆ ဇွန်

စပိန်နိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံတို့ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိရန် စီစဉ်နေတယ်လို့ သိရပါတယ်။

ဇွန် ၄ ရက်က စပိန်နိုင်ငံ လက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီနိုင်ငံ လက်ရွေးစင်အသင်းတို့ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ် မတိုင်မီ နှစ်နိုင်ငံစလုံးက ကစားသမားတွေအနေနဲ့ Vamos 2030 အမှတ်အသားပါတဲ့ အင်္ကျီတွေကို ကစားသမားတိုင်း ဝတ်ဆင်ပြီး အထိမ်းအမှတ် အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပခွင့်ရရှိရေး အထောက်အပံ့ဖြစ်စေမယ့် သဘောတူညီချက်တစ်ရပ်ကို စပိန်ဘုရင် ဖိလစ်ပီ ၆ နဲ့ ပေါ်တူဂီသမ္မတ မာဆယ်လိုရီဘီလိုဒီဆာဆာ တို့ဟာ နှစ်နိုင်ငံဝန်ကြီးချုပ်တွေနဲ့အတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ထပ်မံအတည်ပြု ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖာနန်ဒိုဂိုမက်စ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရူဘီယာလက်စ်တို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေး ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ကို ထပ်မံအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

လက်ခံကျင်းပသွားမှာဖြစ် စပိန်နဲ့ ပေါ်တူဂီအစိုးရတို့ဟာ ၂၀၃၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်ဆိုတဲ့ ကတိကဝတ်ကိုလည်း ထားရှိခဲ့တယ်လို့ သဘောတူညီမှုမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ သွားမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် အိမ်ရှင်နိုင်ငံကို ၂၀၂၄ ခုနှစ်အတွင်းမှာ ရွေးချယ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်