သဲကုန်း ၊ ၉ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မေလ(၃၀)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်(၁)လုံး၊ ဇွန်(၄)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အင်းမမြို့မှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၁၇)လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က သဲကုန်းမြို့နယ် အင်းမမြို့ရှိ လေဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၃)စုစာ၊အိမ်ဆောက်ပစ္စည်းဘိုး (၃)သိန်း၊ အမိုးလန်နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၅၅၀၀၀၀၊ လူ(၇၀)အတွက် ဆန်ဖိုးငွေကျပ် ၁၄၇၀၀ဝ တို့အား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊အင်းမမြို့အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)