မြို့သစ်၊ ၉ ဇွန်
မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်း အမှန်တကယ်နေထိုင်ခြင်း လက်ရှိအိမ်ထောင်စု လူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်ပြား မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲ နေထိုင်ပြီး လူဦးရေစာရင်းမရှိသူများ၊ မှတ်ပုံတင်ကတ်ပြားမရှိသူများကို ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဇွန် ၈ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ် တယ်ပင်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် (၁၀)ဦးအား ပြုလုပ်ပေးခဲ့ပြီး ကျန်ရှိသည့်ကျေးရွာများကိုလည်း အဖွဲ့ခွဲကာ ကျေးရွာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက ပြောပြသည်။
ကိုဇော်(မြို့သစ်)