သန်လျင်၌ စာရေးကိရိယာ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ် 

ရန်ကုန်၊ ၁၁ ဇွန်

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇွန်  ၁၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရုံး ရှင်စောပုခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးနေဝင်းအောင်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား နှစ်စဉ်ပညာသင်ထောက်ပံ့ကြေးပေးနေမှုများနှင့် ၂၀၂၁- ၂၀၂၂ ပညာရေးနှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းများ၏ သားသမီးများအား အထောက်အပံ့အဖြစ် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား၊ သမီး ၁၄ ဦးတို့အား စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံ့ကြေးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၄၃၇၀၀၀ ကို  ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

103113

 

ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ ခရိုင်မိသားစုများ၏ သားသမီးများအား ၂၀၂၁- ၂၀၂၂ ပညာသဂ်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး  ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ပံကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်