မိုးညိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဆိုင်ကယ်ပြင်သင်တန်းဖွင့်

မိုးညို၊ ၁၁ ဇွန်   

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီခွဲက မိုးညိုမြို့နယ် သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဒေါ်သန်းသန်းစိုးက ကျေးလက်နေပြည်သူများအနေဖြင့် နည်းပညာကဏ္ဍ ဖွံ့ဖြုးတိုးတက်လာသည်နှင့်အမျှ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို တတ်မြောက်အောင် သင်ကြားထားခြင်းဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်နိုင်ပါကြောင်း၊ ယခုဖွင့်လှစ်သော အခြေခံဆိုင်ကယ်ပြင် သင်တန်းတွင် ကျွမ်းကျင်သော နည်းပညာရှင်များ၊ သင်ထောက်ကူပစ္စည်းများနှင့်အတူ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထိုနောက် သင်တန်းတွင် သင်ကြားပို့ပေးမည့် နည်းပြဆရာများက သင်တန်းတွင် သင်ကြားပို့ချပေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းသို့  ဖန်ခါးပင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသား(၂၀) တက်ရောက်ခဲ့ကြပြီး သင်တန်းသားများအား စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် (၂၀)ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်

MDN