နတ်မောက်မြို့နယ် တောင်ဘက်ကြီးကျေးရွာတွင် လျှပ်စစ်ဓာတ်အားစတင်ရရှိ         

နတ်မောက်၊ ၁၁ ဇွန်       

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်ဘက်ကြီးကျေးရွာအုပ်စု တောင်ဘက်ကြီးကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်လျှပ်စစ်မှူးရုံးမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားများစတင် ဖြန့်ဖြူးပေးခဲ့သည်။      

                                                                                                                                      

ထိုသို့ ဖြန့်ဖြူးပေးရာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် (၁၁)ကေဗွီ ဓာတ်အားလိုင်း (၂.၅) မိုင် ၊ ၁၁/၀.၄ ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁) လုံးတိုးချဲ့တည်ဆောက်ပေးခဲ့သည်။     အဆိုပါကျေးရွာတွင် အိမ်ခြေ (၁၁၃)အိမ် ရှိသည့်အနက် အိမ်ထောင်စု (၄၅) စု၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် လမ်းမီးများအား စတင် ဖြန်းဖြူးပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးထံမှသိရသည်။

 

59849

 

သင်းသင်းမြတ် (နတ်မောက်)