နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံရာတွင် ပြောကြားသည့်အမှာစကား

နေပြည်တော်၊  ၁ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းတွင် မွန်ပြည်နယ်သည် ပြည်နယ်များတွင် အမြင့်ဆုံး ဖြစ်သည်ကို အားရဖွယ် တွေ့ရှိရကြောင်း၊ ပညာရေး၌ ကြိုးစား အားထုတ်မှုကောင်းသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်ရှိပြီးသား အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်၍ အကျိုးရှိစွာ အသုံးချနိုင်ပါက ပြည်နယ်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကျောင်းသားများအားလုံး ပညာသင်ကြားရေးကိုသာ ဂရုစိုက်ဆောင်ရွက်ကြစေလိုပြီး မိဘများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ တက္ကသိုလ်ပညာရပ်များကို သင်ကြားခြင်းသည် မိမိတို့ အထူးပြုသည့် ဘာသာရပ်အပေါ် ကျယ်ပြန့်စွာလေ့လာ သင်ကြားခြင်းပင်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာပြီးဆုံးသူတိုင်း ပညာရှင်မဖြစ်နိုင်သော်လည်း လေ့လာခဲ့သည့် ပညာရပ်၊ သင်ယူခဲ့သည့် ဘာသာရပ်များအလိုက် အသိပညာအတတ်ပညာများရရှိပြီး အဆိုပါပညာရပ်များကို အသုံးချ၍ မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သဖြင့် တက္ကသိုလ်ပညာ ရေးကို အားပေးသင့်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းပညာတတ်များ ပေါများရန်လိုကြောင်း၊ အသိပညာ အတတ်ပညာများမရှိဘဲ အဆင့်မြင့် ထုတ်ကုန်များ၊ အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များထုတ်လုပ်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ပညာရပ်များ တတ်မြောက်စေရေး စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ အတွင်းထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အား ပြည်တွင်း၌ပင် အဆင့်မီစွာဖြင့် လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်၍ ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း နိုင်ငံအတွက် လိုအပ်သည့် ထုတ်လုပ်၍ရသည့် ပစ္စည်းများထုတ်လုပ်၍ ပြည်ပသွင်းကုန် များကို အစားထိုး ဆောင်ရွက်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

မြေအသုံးချမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အဓိက ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ ပြည်နယ်အတွက် ဆန်ဖူလုံမှုရှိသော်လည်း တစ်ဧကချင်း စိုက်ပျိုးထွက်ရှိမှုနှုန်း နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်းရန်၊ မြေနှင့် ရေကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်နှင့် လိုအပ်သည့် သွင်းအားစုများကိုလည်း ပြည့်ပြည့်ဝဝဖြင့် ထည့်သွင်း အသုံးပြုရန်လိုကြောင်း၊ အထွက်နှုန်းတိုး အောင်ဆောင်ရွက်နိုင်ပါက ဒေသခံတောင်သူ များ၏ လူမှုစီးပွားဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး နှင့်ပတ်သက်၍ တာဝန်ရှိသူများက တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရော်ဘာ၊ ဒူးရင်း၊ ကြက်မောက်၊ အုန်း၊ ကျွဲကော၊ သရက်၊ သီဟိုဠ် စသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရာတွင်လည်း ရှိပြီးသား ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအပေါ်တွင်မူတည်၍ အထွက် နှုန်းကောင်းမွန်ရန်နှင့် အသီးအနှံများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန် စေရန် သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း၊ ထွက်ရှိသည့် သီးနှံများအရည်အသွေး ကောင်းမွန်ပါက ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေများ ရရှိမည်ဖြစ်သဖြင့် ဒေသခံစိုက်ပျိုးတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်သဖြင့် ဒေသတိုးတက်ရေးကို များစွာအထောက်အကူပြုနိင်မည်ဖြစ် ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်ပါက အောင်မြင်မှုရရှိနိုင်သည့် အလားအလာကောင်းများရှိကြောင်း၊  ရေပေါသည့်ဒေသ ဖြစ်သဖြင့်ဘဲမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်သင့်ကြောင်း၊ အသားစားနွားများ၊ ကြက်၊ ဝက်နှင့် ငါးပုဇွန်များအား နည်ပညာအသုံးပြုအဆင့်မြင့် မွေးမြူ၍ အေးခဲအသားများပြုလုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ မွန်ပြည် နယ်သည် အချက်အခြာကျသည့် နေရာတွင်တည်ရှိခြင်းကြောင့် ရှိပြီးသားအခြေခံ များကိုအသုံးချ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်သင့် ကြောင်း၊ ပြည်နယ်အတွင်းဖြစ်နိုင်သည့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်နယ်နှင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

တပ်မတော်သည် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၁၈  ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် တတိယအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနား၌ သန့်ရှင်းသည့် ဒီမိုကရေစီ၊ ရိုးသားသည့် ဒီမိုကရေစီ စနစ်ကို သွားချင်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ထူးခြားသည့် ဝိသေသလက္ခဏာများ များစွာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) အခြေခံမူများနှင့် အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ကိုလေ့လာကြည့်ပါက နိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံးအား တူညီသည့်အခွင့်အရေးများပေးထားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုကိုသာ လိုလားခဲ့ကြောင်း၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ပိုမိုအဆင်ပြေစေရေး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ချိန်တွင်လည်း တပ်မ တော်မဲရုံများ တပ်ပြင်ပတွင်ဖွင့်လှစ်ရန်ပြောကြားခဲ့သည့်အတွက် ခွင့်ပြုပေးခဲ့ ကြောင်း၊ မိမိကိုယ်တိုင်လည်း ကြိုတင်မဲမပေးဘဲ တပ်မိသားစုများနှင့်အတူ ဆန္ဒမဲပေးခဲ့ ကြောင်း၊ ထို့နောက် မဲစာရင်းမှားယွင်းမှုများကို တွေ့ရှိရသဖြင့် ပြန်လည်စိစစ်နိုင်ရန် အတွက် ရွေးကောက်ပွဲကော်မရှင်သို့ မဲဆန္ဒရှင်စာရင်းများ တောင်းခံခဲ့သော်လည်း ပေးအပ် ခဲ့ခြင်းမရှိသည့်အပြင် ဖြေရှင်းဆောင်ရွက်မှုလည်း မရှိခဲ့ကြောင်း၊ ယခု အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည် စိစစ်သည့်အချိန်တွင် လည်း မှားယွင်းမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း၊ အောက်ခြေမှစ၍ နိုင်ငံတော်အဆင့်အထိ မရိုးမသားဆောင်ရွက်ထားသည် များကိုပါ စိစစ်တွေ့ရှိရသဖြင့် တွေ့ရှိချက်များကို အချိန်ကာလတစ်ခုတွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ မရိုးမသားဆောင်ရွက်၍ မရကြောင်း၊ ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းချိန်တွင် ရွေးကောက်ပွဲသည် အဓိက အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များအား ခေတ္တတာဝန်ယူထမ်းဆောင် နေခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

သတင်းစဉ်