အရက်မူးပြီး မောင်းနှင်လာသော ၂၂ ဘီးကုန်တင်ယာဉ်က ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နှင့် လမ်းလျှောက်နေသူ နှစ်ဦးအား တိုက်မိ၊ တစ်ဦး သေဆုံး

ရေတာရှည်   စက်တင်ဘာ ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ရေနီမြို့တွင် စက်တင်ဘာ ၁၄ ရက် ည ၉ နာရီ မိနစ် ၄၀ ခန့်က ကိုဗစ်စစ်ဆေးရေးဂိတ်အနီးရှိ ဘယ်ရီဂိတ်၊ စိုက်ပျိုးရေးရုံးအဝင် သံတံခါး၊ ဆိုင်ကယ်တို့ကို အရက်      မူးပြီး မောင်းနှင်လာသော ၂၂ ဘီး ကုန်တင်ယာဉ်က ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့ရာ ရေနီမြို့တောင်ဘက်အဝင် လမ်းကွေ့အရောက် အသုပ်ဆိုင်၊ ဖုန်းကြီုးဓာတ်တိုင်၊ လမ်းလျှောက်သွားနေသူ အမျိုးသား နှစ်ဦးကိုထပ်မံတိုက် မိမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ရေနီနယ်မြေရဲစခန်းက သိရှိရ သည်။

 

ဖြစ်စဉ်မှာ ရန်ကုန် မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့  မျိုးအေး ၄၂ နှစ်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ နေသူသည် အရက်များမူး၍ မောင်းနှင်လာသော 5R/-----UD TRUCK ၂၂ ဘီး  ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာရင်း ရေနီမြို့တောက်ဘက် အမှတ် ၁ ရပ်ကွက်၊ သရက်ကုန်း ကျေးရွာအနီးရှိ ကိုဗစ် စစ်ဆေးရေး ဂိတ် ကားလမ်းအရှေ့ဘက်ခြမ်းရှိ ဘယ်ရီဂိတ်၊ စိုက်ပျိုးရေးရုံးအဆောက်အဦးရှေ့ သံပန်းတံခါးနှင့် ဆိုင်ကယ်တစ်စီး တို့ကိုတိုက်မိပြီး မြောက်ဘက်အတိုင်း အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးသွားသည်။

 

ထို့နောက် ရေနီမြို့ တောင်ဘက်အဝင် ကားလမ်းအကွေ့အရောက် လမ်းအရှေ့ဘက်ရှိ အသုပ်ဆိုင်၊ ဗန်ဒါပင်၊ ဖုန်းကြိုးဓာတ်တိုင် တို့ကိုတိုက်မိခဲ့ပြီး ဆက်လက်၍ ကားလမ်းအရှေ့ဘက်နံဘေးအတိုင်း လမ်းလျှောက်သွားနေကြသော မောင်မြင့် (ခ)ဂျက်ကွင်း ၃၀ နှစ် ၊ ခိုင်လင်း ၃၉နှစ် ၊ အမှတ် ၂ ရပ်ကွက်၊ ရေနီမြို့နေသူ နှစ်ဦးကို တိုက်မိခဲ့ရာ မောင်မြင့်(ခ) ဂျက်ကွင်းသည် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ခိုင်လင်းမှာ (စိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)