နမ့်ဆန် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ပေးအပ်သည့်ထောက်ပံ့ငွေများကို နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ပထမ သုံးလပတ်အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလတို့အတွက် နမ့်ဆန်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ၂၀ ရက်နေ့ အထိ စာရင်းကောက်ယူထားသည့် ကိုယ်ဝန်ဆောင်စာရင်းများထဲမှ ကိုယ်ဝန်ဆောင်( ၇၃၃ )ဦး ၊ ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်နေ့နောက်ပိုင်း မွေးဖွားခဲ့သော စာရင်းကောက်ယူထားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များထဲမှ ကလေး (၇၁၄)ဦး တို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၅၀၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် ( ၆၅၁၁၅၀၀၀) ကျပ်ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ဟန်က သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဆိုင်(ပလောင်ဒေသ)