အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ  မြေငလျင်တစ်ခုလှုပ်ရှား

အောက်တိုဘာ   ၁၆

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၂၄)မိနစ်၊ (၀၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၈၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ထမံသီမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၁၈)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၁၅)ဒီဂရီ၊ အနက် (၆၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

#မိုး/ဇလ