တာလေ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာလေမြို့တွင် အရသာထူးကဲသော ဒေသထွက်ရာသီစာ ကျွဲကောသီးများ ကို ဒေသအတွင်း ကျေးရွာများမှ တိုင်းရင်းသားများအချို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအခါ အသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ အရသာထူးကဲပြီး ဈေးကောင်းရောင်းချရ၍ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ကျွှဲကောသီးများကို ဒေသအတွင်း ကျေးရွာအချို့မှ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများအတွင်း အရိပ်ရသစ်ပင်အဖြစ် စိုက်ပျိုးကြပြီး အချို့တွင် ဥယာဉ်ခြံမြေများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကာ ယခုအချိန်တွင်အသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဆွတ်ခူးရောင်းချချိန်ဖြစ်၍ နေ့စဉ်မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။
အဆိုပါ ကျွဲကောသီးများ ရောင်းချရာတွင် နေ့စဉ်သွားလာနေကြသော ခရီးသွားများ ဒေသအတွင်း အဓိကဝယ်ယူစားသုံးသူများကို အသီး၏ အရွယ်အစားပေါ်မူတည်၍ တစ်လုံးကို ထိုင်းဘတ်ငွေ (၈)ဘတ်မှ (၁၀)ဘတ်အထိ ရောင်းချကြပြီး တစ်ဆင့် ဖောက်သည်ဝယ်ယူသူများအား တစ်လုံးကို ထိုင်းဘတ်ငွေ(၈) ဘတ်ဖြင့် ရောင်းချရကြောင်းနှင့် ကျွှဲကောများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းဖြင့် အသီးများသီးချိန်တွင် မိသားစုအတွက် တစ်ဘက်တစ်လှမ်းမှ အပိုဝင်ငွေရရှိကြောင်း ကျွဲကောသီးရောင်းချနေသူ ဒေသခံတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)