ရေတာရှည်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်

ရေတာရှည်   အောက်တိုဘာ   ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ် ပေးအပ်ပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက နတ်​ရေတွင်း​ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရေတာရှည်မြို့နယ် ဦးစီးမှူး ဦးဉာဏ်စိုးက နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့​ပြီး ဘိုး​တော်ကုန်း​ကျေးရွာအုပ်စု အတွင်းရှိ ​ကျေးရွာများ၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ် ၁၅၈ ခုနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်​ပေးခဲ့သည့် နိုင်ငံသား စိစစ်​ရေးကတ် ၃၅ ခု စုစုပေါင်း  ၁၉၃ ခု အား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn