ရွေ့လျားဈေးကားရောင်းချမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည်   တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင်  သာကေတမြို့နယ်၊ (၂) မြောက် ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သဒ္ဒါရုံ၊ မင်းနန္ဒာ အိမ်ရာဝင်း အတွင်း မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်ဆောင်ရွက်နေသည့် ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် အသား၊ ငါး၊ ပုဇွန်၊ ကုန်စိမ်းနှင့် ကုန်ခြောက်မျိုးစုံရောင်းချ နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့် ဝန်ကြီးတို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်၊ သုဝဏ္ဏ (၃၀)ရပ်ကွက်၊ တောင်ထိပ်ပန်းလမ်းထိပ်၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ရပ်ကွက်အတွင်းလမ်းများနှင့် နှင်းဆီဝါ လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းသို့စီးဆင်းရာ ရေထိန်းတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ရှင်းလင်းရေး၊ Box Culvert များပြုလုပ်ရေး၊ ရေထိန်းတံခါးပြုပြင်ရေး၊ ပျက်စီးနေသည့် လမ်းများနှင့် သပြေပတ်လမ်းပြုပြင်ရေးနှင့်  သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

(သတင်းစဉ်)