ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အခြေခံပညာကျောင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝက်လက်   နိုဝင်ဘာ   ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်က ဝက်လက်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ဝက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်းခွဲ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းခွဲ၊ အမှတ်(၃) အခြေခံပညာအလယ်တန်းခွဲနှင့် မကျီးတုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ နိုဝင်ဘာ ၃၀ ရက်အထိ ကျောင်းအပ်နှံပြီး ကျောင်းတက်နိုင်ရေးနှင့် ဆရာ ဆရာမများ လိုအပ်မှုမရှိစေရေး မှာကြားဆွေးနွေးသည်။

 

ဝက်လက်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဋ္ဌ  ဦးဉာဏ်လှိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးခင်ဇော်၊ ခေတ္တမြို့နယ်မှူး ဒုရဲမှူး ကြည်စိုးသန့်၊ ဦးမျိုးသိန်းထွန်းအောင်နှင့် မြို့နယ်ပညာ‌ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကိုကိုနိုင်တို့ လိုက်ပါဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)