တံတားဦးမြို့နယ်တွင် ဝါသီးနှံအထူးဇုန် ဧက(၁၀၀)စိုက်ပျိုးထားသော ချည်မျှင်ဝါ ဈေးနှုန်းကောင်းမွန်၍ စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိ

တံတားဦး ၊ ဒီဇင်ဘာ - ၂

 

ကေျာက်ဆည်ခရိုင် တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စု ၊ မြိုင်သာကျေးရွာ၌ စိုက်ပျိုးထားသော ဝါသီးနှံအထူးဇုန် ဧက(၁၀၀)မှ ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀)များ အထွက်နှုန်း ကောင်းမွန်၍ စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည် ။

 

           

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းများကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေ ပြည်သူများ  စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး  အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုး နိုင်ရန်ဆောင်ရွက်လျက်ရှိသည့်။

 

ယင်းသို့ဆောင်ရွက်လျက်ရှိသော မြိုင်သာကျေးရွာအုပ်စု မြိုင်သာကွင်း၌ စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက(၁၀၀)ကို တောင်သူများအား ဝါမျိုးစေ့များနှင့် လူးနယ်ဆေးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေအပ်ခဲ့ကြောင်း  သိရသည်။

 

အဆိုပါချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန်ဧက ၁၀၀ စိုက်ပျိုးကြသည့် တောင်သူများမှာ တစ်ဧကကို ဝါပိဿာ(၄၀၀)ကျော် ထွက်ရှိသည့်အပြင်  ဈေးနှုန်းမှာလည်း တစ်ပိဿာကို ငွေကျပ် ၁၂၀၀ မှ ၁၄၀၀ အထိရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။

 

ရဲတင့်(တံတားဦး)