မိုးမိတ်မြို့၌ မြို့တွင်းလမ်းများကောင်းမွန်စေရေး မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

မိုးမိတ်  ဒီဇင်ဘာ ၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းရပ်ကွက်ရှိ ရတာနာလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလမ်းသည် အရှည် ၄၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိကာ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေကျပ် ၉၈၀၀၀၀၀ ဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးမိတ်သား (ခရိုင် ပြန်/ဆက်)