တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၂၅ ဦးရှိ

ဒီဇင်ဘာ ၆

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၂၅ ဦး တွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၄၇၇၃၅၈ ဦးအထိ မြင့်တက်လာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ယမန်နှစ် ဇန်နဝါရီလက ပထမဆုံးတွေ့ရှိခဲ့သည်။ မကြာသေးမီက ကူးစက်ဖြစ်ပွားမှုပြန်လည်များပြားလာခြင်းသည် ဆိုးလ်ဒေသတွင် လူအုပ်စုလိုက်ကူးစက်မှုများကြောင့် ဖြစ်သည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၁၄၀၁ ဦးသည် ဆိုးလ်ဒေသခံများဖြစ်ပြီး ဂျီအွန်ဂီပြည်နယ်တွင် ၁၃၀၈ ဦးနှင့် အင်ချွန်တွင် ၃၀၁ ဦးတို့ဖြစ်သည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄ ဦးရှိသည်။ ၎င်းတို့အနက် ခြောက်ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၈ ဦး သည် ဒေသတွင်းကူးစက်မှုဖြစ်ပွားခြင်း ဖြစ်သည်။

 

ရောဂါကူးစက်ဖြစ်ပွားသူများအနက် ၇၂၇ ဦးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၁ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၈၉၃ ဦး ရှိလာသည်။

 

နိုင်ငံလူဦးရေ၏ ၈၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၄၁၃၄၁၈၈၈ ဦးသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်။

 

၎င်းတို့အနက် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၃၉၅၆၄၀၁ ဦးသည် ကိုဗစ်အားဖြည့် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူများဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို