ရေနည်းမည့် အခြေအနေ

ဇန်နဝါရီ   ၂၀

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ ဇန်နဝါရီလ (၂၀) ရက်နေ့ (၁၃:၀၀)အချိန် ထုတ်ပြန်ချက်အရ ရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင်(၂၉၁)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ဇန်နဝါရီလတတိယ (၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် (၁)ပေခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်း သတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

မိုး/ဇလ