ငါးလအတွင်း စာချုပ်သစ်ချုပ်ရင် ရောင်းထုတ်မယ်လို့ ဘာစီလိုနာရဲ့ သတိပေးခြင်းခံလိုက်ရတဲ့ အော်စမာနီဒမ်ဘီလီ

ဇန်နဝါရီ   ၂၁

ပြင်သစ်တောင်ပံကစားသမား အော်စမာနီဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်ကစားချင်တယ်ဆိုရင် စာချုပ်သစ် ချုပ်ဆိုရမှာဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုပါက အသင်းကနေ ရောင်းထုတ်သွားမှာဖြစ်တယ်လို့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက သတိပေးပြောကြားခဲ့ပါတယ်။

အော်စမာနီဒမ်ဘီလီရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ နွေရာသီကာလအတွင်း ကုန်ဆုံးမှာဖြစ်တာမို့ စာချုပ်သစ် ချုပ်ဆိုရေးဆွေးနွေးမှုကို ငါးလကြာစောင့်ဆိုင်းသွားမှာဖြစ်ပြီး အဲဒီကာလထက်ပိုပြီး စောင့်ဆိုင်းမှာမဟုတ်ဘူးလို့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြောကြားခဲ့တာဖြစ်ပါတယ်။

တောင်ပံကစားသမား အော်စမာနီဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်အတွင်းက ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဆီကနေ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဆီသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၉၆ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပေါင် ၁၃၅ ဒသမ ၅ သန်းအထိ တိုးမြှင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တောင်ပံကစားသမား အော်စမာနီဒမ်ဘီလီဟာ မန်ယူအသင်း၊ နယူးကာဆယ်အသင်းနဲ့ ပြင်သစ်ကလပ် အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ငွေကြယ်