နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

နမ့်ဆန်   ဇန်နဝါရီ   ၂၁

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီမှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ထားသည်။

အဆိုပါ ပင်စင်ထုတ်ယူရာတွင် နမ့်ဆန်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများ အဆင်ပြေစေရေး အတွက် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

နမ့်ဆန်(ပြန်/ဆက်)