ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျေးလက်လမ်းဖောက်လုပ်နေမှုနှင့် စားတော်ပဲစံပြကွက် စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေး

ရေကြည် ဇန်နဝါရီ ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲက ရေကြည်မြို့နယ် ဂွေးထောက်အုပ်စုရှိ ဆောက်လုပ်ရေး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိပြီး သာပေါင်း-ရေနံ့သာသို့ ဆက်သွယ်ဖောက်လုပ်သည့် ကျေးလက်လမ်း ဖောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့် ကွင်းအမှတ် ၁၀၀၀ D ဦးပိုင်အမှတ် ၃၃/၁ ပိုင်ဆိုင်သည့် စားတော်ပဲ ဆောင်းသီးနှံစိုက်ဧက ၁၀ ဒသမ ၁၀ ဧကတွင်  စိုက်ပျိုးထားသည့် စားတော်ပဲစံပြကွက်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ စားတော်ပဲထွက်ရှိမှုပမာဏ တင်ပို့ရောင်းချမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မြို့မရပ်ကွက် ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် မြို့နယ်သာသန နာယက ဥက္ကဋ္ဌ ဥူးအိနြေ္ဒသအား ဝထ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းသိရှိရသည်။

 

ဆန်းတင့်(ရေကြည်)