မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူဖွယ်ရာ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) (က-ကုတ်)

သတင်းဆောင်းပါး - နေသူရိန်

ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ “စာပေဗိမာန်” နှင့် “ထွန်းဖောင်ဒေးရှင်း” တို့ပူးပေါင်း၍ “မြန်မာ့စွယ်စုံ ကျမ်း” အတွဲ (၁) (က-ကုတ်) စာအုပ်ကို   လွန်ခဲ့သော လေးနှစ်ကျော် ကတည်းက  ပုံနှိပ်ထုတ်ဝေရန်  စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကျမ်းကြီးကို   ၂၀၂၁  ခုနှစ်တွင်   ဖြန့်ချိရန်   ရည်ရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်စမသတ်နိုင်ခဲ့ဘဲရှိခဲ့ရာမှ ယခုအခါ တွင် လိုအပ်သည်များကို အသေးစိတ်  ဖတ်ရှုပြင်ဆင်ပြီးဖြစ်၍ မကြာမီ ဖြန့်ချိတော့မည် ဖြစ်ပါသည်။

ပထမဆုံးထုတ်ဝေခဲ့သည့်  မြန်မာ့စွယ်စုံကျမ်း

ပထမဆုံးထုတ်ဝေခဲ့သည့်  မြန်မာ့စွယ်စုံကျမ်းကို မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း   (စာပေဗိမာန်)  က    ၁၉၄၉    ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံနှင့်   ဆီလျော်အောင်    စတင်ပြုစုခဲ့ပါသည်။ ကမ္ဘာ့ဗဟုသုတများဖြစ်သော   ဝိဇ္ဇာ၊  သိပ္ပံ   အကြောင်းရပ်များအပြင် မြန်မာနိုင်ငံမှ  အကြောင်းရပ်များကိုပါ   ပြည့်စုံစွာ  ပြုစုထားပါသည်။ အကြောင်းရပ်တိုင်းကို   ရည်ညွှန်းစာအုပ်အမျိုးမျိုးနှင့်  တိုက်ဆိုင်ပြီး ပညာရပ်အလိုက်    ပညာရှင်များနှင့်   သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ကာ   တိကျမှန်ကန်အောင်   စိစစ်ခဲ့ပါသည်။ သက်ဆိုင်ရာ ပညာရှင်များကိုယ်တိုင်     ရှာဖွေစုဆောင်း     ရေးသားထားသော အကြောင်းရပ်များလည်း ပါဝင်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏     စာပေဖွံ့ဖြိုးတိုးတက်မှု    အဆင့်အတန်းကို လေ့လာလိုပါက အဆိုပါ  နိုင်ငံကထုတ်ဝေသော   “စွယ်စုံကျမ်း”  ကို လေ့လာဖတ်ရှုကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏  ပထမဆုံးသော စွယ်စုံကျမ်းကို    ၁၉၅၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပါသည်။ “မြန်မာ့စွယ်စုံကျမ်း” အတွဲ (၁) မှ (၅) အထိ ကို   အင်္ဂလန်နိုင်ငံ  (Hazell Watson and Viney Ltd) တွင် ပုံနှိပ် ထုတ်ဝေခဲ့ပြီး အတွဲ (၆) မှ အတွဲ (၁၅) အထိကို  ပြည်တွင်းမှာပင် စာပေဗိမာန်က   တာဝန်ယူ၍  ပြည်လမ်း ဟံသာဝတီအဝိုင်းရှိ စာပေ ဗိမာန်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။   ပြီးပြည့်စုံသော   စွယ်စုံကျမ်း အတွဲ (၁၅) တွဲအထိ  ထွက်ပေါ်လာရန်အတွက် မြန်မာ့စာပေပညာရှင် ကြီးများက အတွဲ (၁)မှစတင်ကာ  ၂၂  နှစ်ကြာ  အချိန်ယူဆောင်ရွက် ခဲ့ရပါသည်။ မြန်မာ့စွယ်စုံကျမ်းများကို ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ် အတွင်း အတွဲ (၁၅) တွဲ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ့သမိုင်း၏ ခေတ်များကို ပု၊ ပင်း၊  အင်း၊  တောင်၊  ညောင်ရမ်း နောင်၊   ကုန်းဘောင်နှစ်ခေတ်ခွဲဟု   အဆိုရှိသည့်အတိုင်း   ပုဂံခေတ်၊ ပင်းယခေတ်၊  အင်းဝခေတ်၊  တောင်ငူခေတ်၊   ညောင်ရမ်းခေတ်၊ ကုန်းဘောင်ပထမခေတ်၊ ကုန်းဘောင်ဒုတိယခေတ်ဟူသည့်  ခေတ် တစ်ခေတ်စီတိုင်းတွင် မြန်မာစာပေအဆင့်ဆင့်   ထွန်းကားလာသော ခေတ်များပင် ဖြစ်သည်။

ကုန်းဘောင်ခေတ်၌  ဗဒုံမင်းဟု ထင်ရှားသည့် ဘိုးတော်ဘုရား၏ သားတော်တစ်ပါးဖြစ်သူ   မက္ခရာမင်းသားကြီးသည်  ‘မြန်မာ့စွယ်စုံ ကျမ်း’ ပေါ်ထွက်လာရန် ကြိုးပမ်းခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့ပေသည်။ မက္ခရာမင်းသားကြီးသည် အင်္ဂလိပ်စာကို လေ့လာသင်ယူ ကာ   Mr.Lane  ဆိုသူထံမှရရှိသည့် Ree’s စွယ်စုံကျမ်းကို အထူး သဘောကျ   နှစ်သက်တော်မူခဲ့ပါသည်။   ထို့ကြောင့်ပင်    မက္ခရာ မင်းသားကြီးကိုယ်တော်တိုင် အမှာစာရေးပြီး ၁၈၄၁ ခုနှစ်က ထွက်ရှိ ခဲ့သော  အင်္ဂလိပ်-မြန်မာအဘိဓာန်ကြီးမှာ    သမိုင်းသက်သေတစ်ခုပင် ဖြစ်ပါသည်။   ‘Charles Lane Dictionary’ ဟု   ဆိုသည်ထက် ‘မက္ခရာမင်းသားကြီး၏    အဘိဓာန်’   ဟုဆိုလျှင်    ပို၍လူသိများ ပါသည်။ 

အမှောင်ခွင်း၍ အလင်းဆောင်

မြန်မာ့စွယ်စုံကျမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက    “လွတ်လပ်ရေးရ၍ ကျွန်တော်တို့၏ လက်တွင်းသို့  အချုပ်အခြာအာဏာ ရောက်လာသည် နှင့်တစ်ပြိုင်နက်၊ ကျွန်တော်တို့၏ ပထမဦးဆုံးလုပ်ငန်းသည် အမှောင် ခွင်း၍   အလင်းဆောင်ရမည့်   လုပ်ငန်းပင်ဖြစ်သည်။  ထိုအမှောင် တည်းဟူသော ကျွန်တော်တို့၏ ရန်သူနံပါတ် (၁) ကို ဖြိုခွင်းချေမှုန်းရန်၊ ကျွန်တော်တို့၏ တပ်မဟာများသည် အခြားမဟုတ်၊ ဘဝသစ်ပညာရေး တပ်မဟာ၊ လူထုပညာရေး တပ်မဟာ၊ စာပေဗိမာန်  တပ်မဟာများ ဖြစ်၍   ဤစွယ်စုံကျမ်းကြီးသည်ကား   ကျွန်တော်တို့  အသုံးပြုမည့် လက်နက်ကောင်းကြီးတစ်ခု ဖြစ်သည်။   ဤလက်နက်ကောင်းကြီး၏ အစွမ်းသတ္တိကား အဘယ်နည်း။

ဤစွယ်စုံကျမ်းကြီးကို တစ်နေ့လျှင်  တစ်နာရီဖတ်ပါ။ ဖတ်ပြီးသမျှ ကို နာရီဝက်ခန့် မှတ်သားပါ။ မှတ်သားပြီးသမျှကို နာရီဝက်မျှ ဆင်ခြင် သုံးသပ်ပါ။ ဤသို့ တစ်နေ့လျှင် နှစ်နာရီမျှ၊  ငါးနှစ်ခန့်လောက်  စွဲစွဲမြဲမြဲ ကြိုးစားပါ။ ဤသို့ ကြိုးစားသူ၏  အမှောင်ဓာတ်သည်  မည်မျှပင် ကြီးမားစေကာမူ၊   ဤစွယ်စုံကျမ်းကြီးသည်  ထိုအမှောင်ဓာတ်ကိုခွင်း၍ အလင်းကို  ဆောင်ကုန်လတ္တံ့။  ထိုသူသည်  ဖိုးသုညပင် ဖြစ်စေကာမူ၊ ဤစွယ်စုံကျမ်းကြီးသည် ထိုဖိုးသုညကို ဖိုးရာဇာအဖြစ်သို့ ပြောင်းလဲ ပေးကုန်လတ္တံ့။

အလင်းဓာတ်ခံရှိပြီးဖြစ်သော်လည်း၊  ထိုအလင်းဓာတ်ကို ဆတက် ထမ်းပိုးတိုး၍ အလိုရှိသော သူများအဖို့မှာလည်း၊  ထိုသူတို့၏ လိုအင် ဆန္ဒဟူသမျှသည်  တလုံးတဝတည်း ပြည့်စုံကြကုန်လတ္တံ့။ ဤသို့သော သတ္တိထူးတို့နှင့် ပြည့်စုံသည့်  ဤစွယ်စုံကျမ်းကြီးကို လက်ကိုင်ပြုလျက် ပြည်ထောင်စုသူ ပြည်ထောင်စုသား  အပေါင်းတို့သည်  လူသစ်တည်၍ ပြည်သစ်ဆောက်နိုင်ကြပါစေသတည်း” ဟူ၍ ၁၉၅၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည့်  မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) တွင်   ဤသို့  အမှာစာ ရေးသားပေးခဲ့ပါသည်။

နောက်ပိုင်းကာလများတွင် စာပေဗိမာန်သည်  မြန်မာ့စွယ်စုံကျမ်း ၏  အဖြည့်ကျမ်းများအနေဖြင့်  မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ် များကို  ၁၉၇၈ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ထုတ်ဝေခဲ့သည်မှာ စုစုပေါင်း  ၄၄ အုပ် ရှိခဲ့ပြီးဖြစ်ပါသည်။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၂၂ သည်လည်း   မကြာမီရက်ပိုင်းအတွင်း  ဖြန့်ချိနိုင်တော့မည် ဖြစ်ပါသည်။ 

၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့

၁၉၅၄ ခုနှစ်မှစတင်၍   ထုတ်ဝေခဲ့သော  စွယ်စုံကျမ်း (၁၅) တွဲ၏  တည်ပုဒ်အချို့နှင့် အကြောင်းအရာတချို့မှာ ခေတ်နှင့်အညီ ပြန်လည် ပြုပြင်ဖြည့်စွက်ရန်    လိုအပ်နေပြီဖြစ်သောကြောင့်    ပြန်ကြားရေး ဝန်ကြီးဌာန    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်နှင့် မြန်မာ့စွယ်စုံကျမ်း တည်းဖြတ်ပြင်ဆင်ရေးကိစ္စတွင် ပါဝင်ကူညီရန် စိတ်အားထက်သန်စွာ   ကမ်းလှမ်းလာသည့်   ထွန်းဖောင်ဒေးရှင်း တို့ပူးတွဲကာ ၂၀၁၈ ခုနှစ်မှစတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန  စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန် ခွဲဝေမှုဆိုင်ရာ    မူဘောင်သဘောတူညီချက်    (FWA-Frame Work Agreement) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို  ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ  ၁၄ ရက် မွန်းလွဲ ၂   နာရီတွင်  အမှတ် (၅၂၉၊ ၅၃၁)ကုန်သည်လမ်းနှင့်  ၃၇ လမ်းထောင့် စာပေဗိမာန်ရုံး၌   ကျင်းပခဲ့ပါ သည်။

ထွန်းဖောင်ဒေးရှင်းအနေဖြင့်     အခြားသော   စာပေယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ  လုပ်ငန်းများတွင်  အားပေး ဆောင်ရွက်ခဲ့သည့်နည်းတူ  ယခုဆောင်ရွက်လျက်ရှိသော  မြန်မာ့ စွယ်စုံကျမ်းများ ပြန်လည်ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကြီးတွင်လည်း ခေတ်မီတည်ပုဒ်အသစ်များ ရှာဖွေထည့်သွင်းနိုင်ရေးအတွက် ပညာရှင် အဖွဲ့များဖြင့် စုဖွဲ့ဆောင်ရွက်ခြင်း၊  ဘာသာပြန်ခြင်းမှအစပြု၍ ပုံနှိပ် ထုတ်ဝေခြင်းလုပ်ငန်းတိုင်အောင်   လိုအပ်သော   လုပ်ငန်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့်     ဘဏ္ဍာငွေကြေးဆိုင်ရာ     ပံ့ပိုး ဖြည့်ဆည်းခြင်းတို့ကို ကမကထပြု ဆောင်ရွက်ပေးခဲ့ပါသည်။ 

မကြာမီဖြန့်ချိတော့မည့်   “မြန်မာ့စွယ်စုံကျမ်း     အတွဲ (၁) (က-ကုတ်)” စာအုပ်ထွက်ပေါ်လာရေးအတွက်  အောက်ဖော်ပြပါ ဦးဆောင်ကော်မတီက တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည် -
    ၁။    ဦးချစ်နိုင်    ပြည်ထောင်စုဝန်ကြီး    နာယက
            ပြန်ကြားရေးဝန်ကြီးဌာန၊
            [ယခု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)]
    ၂။    ဦးသိန်းထွန်း     ဥက္ကဋ္ဌ၊ ထွန်းဖောင်ဒေးရှင်း    နာယက
        (ကွယ်လွန်)        
    ၃။    စည်သူ    စာကြည့်တိုက်မှူး (ငြိမ်း)    ဥက္ကဋ္ဌ    
        ဒေါက်တာ    တက္ကသိုလ်များ 
        သော်ကောင်း    ဗဟိုစာကြည့်တိုက်
    ၄။    ဒေါက်တာ    ပါမောက္ခ (ငြိမ်း)    ဒုတိယ
        ခင်အေး    ရန်ကုန်တက္ကသိုလ်    ဥက္ကဋ္ဌ (၁)
        (မောင်ခင်မင်    
        - ဓနုဖြူ)    

    ၅။    ဒေါက်တာ    ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)    ဒုတိယ
        တင်လှိုင်            ဥက္ကဋ္ဌ (၂)    
        (ဘိုးလှိုင်)    အဏုမြူစွမ်းအင်ဦးစီးဌာန
    ၆။    ဦးဝင်းကျော်    ညွှန်ကြားရေးမှူးချုပ်    အတွင်းရေးမှူး
        အောင်    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး
            ဦးစီးဌာန
    ၇။    ဦးတိုးကျော်    စာတည်းမှူးချုပ်၊     တွဲဖက်
            စာပေဗိမာန်    အတွင်းရေးမှူး
            ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး
            ဦးစီးဌာန
“မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) (က-ကုတ်)”  စာအုပ်တွင် ပါဝင် သော အကြောင်းအရာများအတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင် သော စာတည်းများက တာဝန်ယူဆောင်ရွက်ခဲ့ပါသည် -
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးလုပ်ငန်း စာတည်းအဖွဲ့
    ၁။    စည်သူဒေါက်တာသော်ကောင်း    စာတည်းမှူးချုပ်
    ၂။    ဒေါက်တာခင်အေး    စာတည်းမှူး
        (မောင်ခင်မင်-ဓနုဖြူ)    (ဝိဇ္ဇာပညာ+မြန်မာမှု)
    ၃။    ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)    စာတည်းမှူး 
            (သိပ္ပံနည်းပညာ+ 
            ဘာသာပြန်)
    ၄။    ဒေါက်တာစန်းဝင်း    စာတည်း 
            (ရှေးဟောင်းသုတေသန)
    ၅။    ဦးအေးချို (ဦးအေးချို မဟာဝိဇ္ဇာ)    စာတည်း (ဝိဇ္ဇာပညာ 
            မြန်မာမှု)
    ၆။    ဦးသန်းထွဋ် (လင်း-ဆေး/၁)    စာတည်း 
            (သိပ္ပံနည်းပညာ+
            ဘာသာပြန်)
    ၇။    ဒေါက်တာအောင်ကြီး    စာတည်း 
            (သိပ္ပံနည်းပညာ+
            ဘာသာပြန်)
    ၈။    ပါမောက္ခဦးသိန်းလှိုင်    စာတည်း 
            (ဝိဇ္ဇာပညာ+မြန်မာမှု)
    ၉။    ဒေါက်တာစိုးနိုင်    စာတည်း 
            (ဝိဇ္ဇာပညာ+မြန်မာမှု)
    ၁၀။    ဦးအေးမောင်ကျော်    စာတည်း
        (အေးမောင်ကျော်)    (သိပ္ပံနည်းပညာ+
            ဘာသာပြန်)
    ၁၁။    ဦးသန်းအုန်း (မောင်ဇေယျာ)    စာတည်း 
            (ဝိဇ္ဇာပညာ+
            မြန်မာမှု)
    စာပေဗိမာန် စာတည်းများ
    ၁။    ဦးတိုးကျော်    စာတည်းမှူးချုပ်၊ 
            စာပေဗိမာန်
    ၂။    ဒေါ်တင်တင်ဝင်း    ဒုတိယစာတည်းမှူးချုပ်၊ 
            စာပေဗိမာန်
    ၃။    ဦးစိုးမြင့်သန်း    စာတည်းမှူး၊
            စာပေဗိမာန် (ငြိမ်း)
    ၄။    ဒေါ်နုနုယဉ်    စာတည်းမှူး၊
            စာပေဗိမာန် (ငြိမ်း)
    ၅။    ဒေါ်ခင်ဝါဆွေ    စာတည်းမှူး၊ 
            စာပေဗိမာန် (ငြိမ်း)
    ၆။    ဦးအောင်ဇော်မျိုး    စာတည်းမှူး၊ မူပိုင်ခွင့်နှင့် 
            မှတ်ပုံတင်ဌာနခွဲ
    ၇။    ဒေါ်သင်းသင်းမာ    စာတည်းမှူး၊ မူပိုင်ခွင့်နှင့်
            မှတ်ပုံတင်ဌာနခွဲ
    ၈။    ဒေါ်မြင့်မြတ်သီတာ    စာတည်း၊ မူပိုင်ခွင့်နှင့်
            မှတ်ပုံတင်ဌာနခွဲ
    ၉။    ဦးစိုးနိုင်ထွန်း    စာတည်း၊
            စာပေဗိမာန်        ထွန်းဖောင်ဒေးရှင်းစာတည်းများ
    ၁။    ဦးစောလွင် (မောင်သွေးသစ်)    စာတည်း၊
            ထွန်းဖောင်ဒေးရှင်း
    ၂။    ဦးဇော်ညွန့်    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
    ၃။    ဦးကိုကို    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
    ၄။    ဦးထွန်းအုံ    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
    ၅။    ဦးတင်အောင်ကျော်    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
    ၆။    ဦးစိုးမင်းဦး    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
    ၇။    ဦးသောင်းဝင်း    ဘာသာပြန်၊ 
            ထွန်းဖောင်ဒေးရှင်း
ယခု စွယ်စုံကျမ်း အတွဲ - ၁  တွင်   စာမျက်နှာ  ၅၀၀  ခန့်  ပါရှိပြီး အက္ခရာ (က-ကုတ်) အထိ အကြောင်းရပ် တည်ပုဒ်ပေါင်း  ၄၂၀  ကျော်၊ ရောင်စုံဓာတ်ပုံ မြေပုံပေါင်း   ၅၀၀ ခန့်တို့ဖြင့် ဝေဆာစွာ ထည့်သွင်း ဖော်ပြထားပါသည်။    မူလမြန်မာ့စွယ်စုံကျမ်း အတွဲ -၁ (က-ကုံ) ထုတ်ဝေစဉ်က ၁၉၅၄ ခုနှစ်ဖြစ်ရာ ယခုအခါ နှစ်ပေါင်း  ၆၈ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။  ထိုကာလအတွင်း  တိုးတက်ပြောင်းလဲဖြစ်ပေါ် ခဲ့သော  ပညာရပ်ဆိုင်ရာ  အချက်အလက်များ၊ မြန်မာနှင့် နိုင်ငံတကာ ဆိုင်ရာ    အကြောင်းခြင်းရာသစ်များကို    ဖြည့်စွက်ထည့်သွင်းခြင်း၊ မညီညွတ်သည်များကို တည်းဖြတ်ပြင်ဆင်ခြင်းအလုပ်ကို စာပေပညာ ရှင်ကြီးများ ပါဝင်သည့် မြန်မာ့စွယ်စုံကျမ်း   ပြန်လည်ထုတ်ဝေရေး ဦးဆောင်ကော်မတီနှင့် စာတည်းအဖွဲ့ဝင်များ စိတ်ရှည်လက်ရှည် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။
ပညာခေတ်ဟုခေါ်သော ၂၁ ရာစုတွင်   ယခင်ရာစုများနှင့်မတူ တစ်မူထူးခြား   ပြောင်းလဲတိုးတက်လာသည့်  နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့အပြင် သိအပ်စရာ၊ တတ်အပ်စရာ  အသိပညာဗဟုသုတ အစုံပါဝင်သည့် မြန်မာ့စွယ်စုံကျမ်းအတွဲ -၁  (က-ကုတ်) ထွက်ပေါ် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်   ပြန်ကြားရေးဝန်ကြီး ဌာန၏ ပြည်ထောင်စုဝန်ကြီးများ၊  စိတ်အားထက်သန်စွာ   ပူးပေါင်း ဆောင်ရွက်ခဲ့သည့်    ကွယ်လွန်သွားပြီဖြစ်သော    ဦးသိန်းထွန်း ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ၊   မြန်မာ့စွယ်စုံကျမ်း  ပြန်လည်ထုတ်ဝေရေး လုပ်ငန်း ဦးဆောင်ကော်မတီဝင်များ၊ ပညာရှင်များ၊ စာတည်း အဖွဲ့ဝင် များနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

မကြာမီထွက်ရှိတော့မည့် အဆိုပါစာအုပ်ကို ရန်ကုန်မြို့ရှိ အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်း စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ နေပြည်တော်ရှိ အမှတ် (တ- ၅၅)သပြေကုန်းဈေး စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ မန္တလေး မြို့ရှိ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) တို့သို့ ဆက်သွယ်၍  ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။         ။