တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

 (၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

======================

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီ အတွင်းက မကွေးတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ ကျောက်ဖြူမြို့တွင် (၅.၂၃)လက်မ၊ မိုးညှင်းမြို့တွင် (၂.၂၈)လက်မ၊ ဖြူးမြို့တွင် (၂.၁၃)လက်မ၊ သိမ်ဇရပ်မြို့တွင် (၂.၀၁)လက်မ၊ သပိတ်ကျင်းမြို့တွင် (၁.၉၇)လက်မ၊ စဉ့်ကူးမြို့တွင် (၁.၈၅)လက်မ၊ မုဒုံမြို့တွင် (၁.၇၇)လက်မ၊ လွိုင်လင်မြို့နှင့် လှိုင်းဘွဲ့မြို့တို့တွင် (၁.၅၇)လက်မစီ၊ ချီဖွေမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင် (၁.၃၄)လက်မစီ၊ ကျိုက္ခမီမြို့တွင် (၁.၃၀)လက်မ၊ မြိတ်မြို့တွင် (၁.၂၆)လက်မနှင့် မတူပီမြို့တွင် (၁.၁၈)လက်မတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ  မကွေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်သည်။

မိုး/ဇလ