ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတွင် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လုံခြုံရေး လှည့်ကင်းများဆောင်ရွက်

ပဲခူး ၁ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတွင် ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် မှုခင်းလျော့နည်းပပျောက်ရေးတို့အတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ မြို့ဝင် မြို့ထွက်လမ်းများတွင် ည ၇ နာရီမှစတင်ပြီး အဖွဲ့များခွဲကာ လှည့်ကင်းများ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

mdn

 

ပိတ်ဆို့ရှာဖွေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းဇော်လှိုင်ဦးဆောင်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ မြို့အဝင်အထွက်လမ်းများ ဖြစ်သော ပန်းတင်လမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ရန်ကုန်-ပြည်ကားလမ်း မြို့လယ်ချောင်းကျေးရွာနှင့် ရွှေကျွန်းတောဆီဆိုင်ရှေ့တို့တွင် ဆောင်ရွက်ပြီး မြို့တွင်းလမ်းနှင့် ရပ်ကွက်လမ်းများသို့ ရဲအုပ်မြင့်မိုးဦးစီး၍ ဒုရဲအုပ်လှမြင့်၊ ဒုရဲအုပ်သန့်ဇင်ထွန်းတို့မှ တပ်ဖွဲ့ဝင် ၃၀ ဦးတို့နှင့်အတူ အဖွဲ့သုံးဖွဲ့ခွဲကာ လှည့်ကင်းများကို ညဦးပိုင်း၊ ညနက်ပိုင်းဟု အဆိုင်းများခွဲပြီး ဆောင်ရွက်ခဲ့ကြသည်။

 

လှည့်ကင်းတာဝန်ခံရဲအုပ်မြင့်မိုးက “ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုလှည့်ကင်း၊ ဝပ်ကင်းနဲ့ ပိတ်ဆို့ရှာဖွေမှုတွေ ဆောင်ရွက်ခဲ့တော့ မှုခင်းမရှိခဲ့ပါဘူး။ ဒီနှစ်သစ်ကူးညမှာလည်း လူငယ်လေးတွေ အပျော်လွန်ပြီး ဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မှောင်ရိပ်ခိုမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ မဖြစ်ပေါ်စေဖို့နဲ့ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာပါ” ဟုပြောကြားသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

mdn