မြစ်သားမြို့တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြပွဲ ပြိုင်ပွဲ ကျင်းပ

မြစ်သား ၂ ဇန်နဝါရီ  

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြပွဲ၊ ပြိုင်ပွဲကို မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

 

 

ထိုသို့ကျင်းပရာတွင် မွေးစမှ ၆ လ၊ ၆ လမှ ၁၂ လ၊ ၁၂ လမှ ၁၈ လနှင့် အမွှာဆုများအပြင် လွတ်လပ်ရေး မောင်မယ်ဆုများကို ချီးမြှင့်သွားမည်ဖြစ်ပြီး ကလေး၏ ကိုယ်အလေးချိန်၊ အရပ်၊ ဆေးစစ်ဆေးချက်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကာကွယ်ဆေးထိုးမှုနှင့် ကိုယ် အလေးချိန် ကတ်ပြားထားရှိမှုများအပေါ် မိခင်ကလေး ကျန်းမာရေးဌာနမှ ဒေါက်တာ နေခြည်သိန်းဝင်း ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့က အမှတ်ပေးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ကလေးပြပွဲ၊ ပြိုင်ပွဲသို့ မြို့ပေါ်နှင့် ကျေးရွာများမှ ကလေးငယ်များ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

 

MDN