ကွမ်းရွက်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းကြောင့် ဈေးကွက်အတွင်း အခက်အခဲများစွာဖြစ်ပေါ်

mdn

ရေတာရှည် ၄  ဇန်နဝါရီ

 

ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးနှုန်း မြင့်မားနေခဲ့သည့်အတွက် ရောင်းချသူများနှင့် ဝယ်ယူ စားသုံးသူများအားလုံး အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

ကွမ်းရွက် တစ်ပိဿာလျင် ကျပ် ၆ဝဝဝ မှ ၁၂ဝဝဝ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ရာ အရင်းအနှီး နဲပါးသော ဈေးဆိုင်ငယ်များ ပိတ်ထားရသည်အထိ ဖြစ်ပေါ်လျက်ရှိပြီး ဖောက်သည်များပြားသော ဆိုင်ကြီးများ အနေဖြင့် ဝယ်ယူလိုသလောက် မရဖြစ်နေကြောင်း ကွမ်းအရောင်းဆိုင်များမှ သိရသည်။

 

''ကွမ်းဈေး တက်တာက ဟင်္သာတနယ်ဘက်မှာ ကွမ်းစိုက်ခင်းတွေ အပျက်အစီးများတယ်။ ကွမ်းထွက်နှုန်းကျသွားတာ အချို့ကုန်သည်တွေက ဟင်္သာတဘက်အထိ ဆင်းပြီး သွားဝယ်တော့ နယ်ဒေသတွေကို တင်ပို့နိုင်မှုကျသွာတာရယ် ကုန်စည် သယ်ဆောင်ခတွေ မြင့်တက်လာတာရယ်ကြောင့် အခုလို ဈေးတွေ တအားတက်ကုန်တာ။ ဈေးတွေတက်လာတော့ ဝယ်ယူတဲ့သူတွေကို ကွမ်းယာအရေအတွက်တွေ လျှော့ပေးရတာပေါ့။ ရောင်းသူရော စားသုံးသူတွေပါ အခက်အခဲတွေ အများကြီး ဖြစ်ကုန်တယ်''ဟု ရေတာရှည်မြို့ရှိ ကွမ်းအရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။

 

ကိုလွင်(ဆွာ)