ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအပို ဆောင်းထိုးနှံခြင်း လုပ်ငန်းများမြို့နယ် အဆင့်အသိပေးဆွေးနွေး

 မြို့သစ်    ၈    နိုဝင်ဘာ     

နိုင်ငံတစ်ဝန်းဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်းမြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။     

ဆွေးနွေးပွဲတွင်မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှအဖွင့်အမှာစကား ပြောကြားကာ ကျန်းမာရေးဦးစီးဌာနမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မြင့်က ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နှင့်မြန်မာနိုင်ငံ၌ (၂၀၂၃)ခုနှစ်တွင် ဝက်သက်နှင့်ဂျိုက်သိုး ရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်စေရန်တို့အား ပြောကြားပြီး ကျန်းမာရေးမှူး ဦးမျိုးဇော်အောင်ကလည်း မြန်မာနိုင်ငံ၌ ၃၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးရရှိစေရန်နှင့်မြန်မာန်ုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကိုတပ်မံလျှော့ချနိုင်ရန် အတွက်နစ်နိုင်ငံလုံးတွင်ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများကသိလိုသည်များကို မေးမြန်းရာ ကျန်းမာရေး ဝန်ထမ်းများက ပြန်လည်ဖြေကြာဆွေးနွေးခဲ့ပြီး (၂၀၁၉)ခုနှစ် နိုဝင်ဘာ(၂၆)ရက်မှ (၂၈)ရက်အတွင်း အသက်(၉)လမှ(၅)နှစ်ခွဲ အရွယ် ကလေးငယ်တိုင်း အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦး သိန်းဇော်ဦးနှင့်ထွေအုပ်ဝန်ထမ်းများမြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာသန့်ဇော်မြင့်နှင့် ကျန်းမာရေးမှူးများဌာနဆိုင်ရာ အကြီးအကဲများနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါ်နှင်းဝေလှိုင်နှင့် အဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း (ပြန်ဆက်)