ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေးပြခန်း ဖွင့်လှစ်လျက်ရှိ

ပြင်ဦးလွင်  ၉   နိုဝင်ဘာ  

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေး ပြခန်းဖွင့်ပွဲကို  နိုဝင်ဘာလ  ၈   ရက် ၊ ညနေ   ၄  နာရီက မီးပုံးပျံကွင်းအတွင်း၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျန်းမာရေးပညာပေးပြခန်း  ပြသမှုအား  လိုက်လံကြည့်ရှုခဲ့ကြသည်။

 

‌ေ

 

 

၂၀၁၉ ခုနှစ်  ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲကို  နိုဝင်ဘာ ၈   ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်းရှိ ဘုရားဖူးဧည့်သည်များ၊ ဒေသခံပြည်သူများ ၊    ပွဲတော်လာပရိသတ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ  စသည်တို့၏ကျန်းမာရေးကို  အနီးကပ်စောင့်ရှောက်ပေးသည့် ကျန်းမာရေးပညာပေးပြခန်းနှင့် ကျန်းမာရေးဆေးခန်းကိုဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ အလွှာအသီးသီးမှ ဝန်ထမ်းများပေါင်းစပ်ကာ ဖွင့်လှစ်ထားရှိခြင်းဖြင့်  မတော်တဆထိခိုက်အန္တရာယ် ဖြစ်ပွားမှုတွေကို  ကာကွယ်နိုင်ရန်၊ကျန်းမာရေး အသိပညာတိုးပွားစေရန်၊ မိမိကျန်းမာရေးကို မကြောက်မရွှံ့ ဆေးခန်းသို့ လာရောက်ပြသနိုင်ရန် ပညာပေးခြင်း၊  ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ  ပိုမိုအောင်မြင်စေရန် ရည်ရွယ်ခဲ့ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဒေါက်တာသန်းဝင်းက  ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)