မိုးညှင်းတွင်  LED ကမ္ဘာမီးအလှပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

မိုးညှင်း      ၉   နိုဝင်ဘာ 


ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ် အရှေ့စုရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံကြီးတွင် L .J ကုမ္ပဏီမှကြီးမှူးကျင်းပသည့် LED ကမ္ဘာမီးအလှပြပွဲကို ယမန်နေ့ ညနေ  ၆ နာရီတွင် ဖွင့်ပွဲကျင်းပရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါမီးအလှပြပွဲနှင့်ပတ်သက်၍ L .J ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမြင့်က ပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ “LED မီးတွေဟာ လင်းထိန်ဖို့ကို အဓိကမထားဘဲ အလှအပဖန်တီးမှုတွေ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ကျူးတဲ့ အနုပညာတွေကို မီးနဲ့ပုံဖော်တဲ့အတတ်ပညာဖြစ်တယ်၊ဒီပွဲကိုလာခြင်းအားဖြင့် မိသားစုတွေတစ်ရက်လုံးအတွက်စိတ်အပန်းဖြေနိုင်ဖို့ရည်ရွယ်တယ်”ဟု ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

 

‌ေ

 

“နိုင်ငံအတွင်းမြို့တော်တော်များများမှာပြပြီးပြီ၊ကချင်မှာတော့အခုကဒုတိယအကြိမ်ပြသ မှာဖြစ်တယ်၊ဒီမလာခင်အရင်လကဗန်းမော်မှာ၁၆ရက်ကပြခဲ့တယ်၊ဒီမှာကကွင်းကကျဉ်းတော့မီးတွေ အကုန်ပြလို့မရဘူး၊တအားကျပ်သွားရင်လမ်းလျှောက်လို့အဆင်မပြေတော့ဘူး”ဟု ယင်းက ဆက်လက်ပြောကြားသည်။

ပွဲဝင်ကြေးအနေဖြင့် ကလေးတစ်ဦး ငွေကျပ် ၁၀ဝ၀ နှုန်းနှင့် လူကြီးတစ်ဦး ငွေကျပ် ၂၀ဝ၀ နှုန်းသတ်မှတ်ထားသော်လည်း အသက် ၅ နှစ်အောက် ကလေးများ၊ ရဟန်းသံဃာများ၊ မသန်စွမ်းများကို အခမဲ့ဝင်ခွင့်ပြုထားပြီး မီးအလှပြပွဲကို ယခုလ ၁၇ ရက်နေ့အထိ (၁၀) ရက်ကြာ ပြသသွားမည်ကြောင်း သိရသည်။ 


ကျော်ကျော်ထွေး(မိုးညှင်း)