ကျောက်ထု ၉ နိုဝင်ဘာ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက ဆီမီးပူဇော်ပွဲ ပြုလုပ်ရာ သံဃာတော်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
အဆိုပါ ဆီမီးပူဇော်ပွဲကို မီးကြာလှည့်ပွဲ၊ သနပ်ခါးပါးတို့ပွဲတို့ပါ ထည့်သွင်းကျင်းပရာ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူငယ်မောင်မယ်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)