အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အဂတိမှုဖြင့် စွဲချက်တင်ခံရ

၂၂ နိုဝင်ဘာ

 

အစ္စရေးရှေ့နေများက ဝန်ကြီးချုပ် နေတန်ယာဟုကို  လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုကို ဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြင်းမရှိသော ရွေးကောက်ပွဲနှစ်ကြိမ် ကျင်းပပြီးနောက် ထိုစွပ်စွဲချက်များက နိုင်ငံရေးအရ မရေရာမှုကို ထပ်မံ ဖြစ်ပေါ်စေသည်။

 

နေတန်ယာဟု က မည်သည့်အမှားမျှ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုကာ နိုင်ငံရေးအရ လှုံ့ဆော်သည့် စွဲချက် ဖြစ်သည်ဟု ဖော်ပြထားသည်။

 

နေတန်ယာဟု အပြစ်ရှိကြောင်း သက်သေမပြနိုင်လျှင် ရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် အစ္စရေးတရားဉပဒေက ခွင့်ပြုကြောင်းနှင့် ထိုအမှုစစ်ဆေးမည့်အချိန်ကို မသိရှိရသေးကြောင်း သိရသည်။

 

2

 

ဧပြီနှင့်စက်တင်ဘာလတို့က ကျင်းပခဲ့သော ရွေးကောက်ပွဲများပြီးနောက် အစ္စရေးသည် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

 

လာမည့်နှစ်တွင်ကျင်းပမည့် တတိယအကြိမ်မြောက် ရွေးကောက်ပွဲသို့ မဲဆန္ဒရှင်များ ဆန္ဒမဲပေးဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို