ဖိလစ်ပိုင်နိုင်ငံက နှစ်ပေါင်း ၁၄၀ နီးပါးသက်တမ်းရှိ ရေလှောင်ကန်ကို လည်ပတ်ရန်နေရာအဖြစ် ဖော်ဆောင်နေ 

၂၂ နိုဝင်ဘာ 

 

ဖိလစ်ပိုင်နိုင်ငံက နှစ်ပေါင်း ၁၄၀ နီးပါးသက်တမ်းရှိ မြေအောက် ရေလှောင်ကန်ကို ကမ္ဘာလှည့်ခရီးသည်တွေကို လာရောက်လည်ပတ်ရမယ့် နေရာဖြစ်လာအောင် ဆောင်ရွက်နေပါတယ်။ အယ် ဒီပိုဇစ်တို မြေအောက်ရေ လှောင်ကန်ဟာ စပိန်ကိုလိုနီခေတ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီရေလှောင်ကန်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဆယ်စုနှစ်ချီပြီဖြစ်ပါတယ်။ 

 

54

 

ရေလှောင်ကန်ဟာ မီးတောင်ကျောက်တွေနဲ့ လွန်ခဲ့ ၁၃၇ နှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး ရေဂါလံပေါင်း ၁၄ သန်း ဆန့်တဲ့ မြောက်အောက်ရေလှောင်ကန်ဖြစ်ပါတယ်။ အဲဒီရေလှောင်ကန်မှ ပိုက်လိုင်းသွယ်တန်းပြီး ထောင်ချီတဲ့ အိမ်တွေကို ရေးပေးဝေခဲ့တာ ၂၀ ရာစုအစောပိုင်း အထိဖြစ်ပါတယ်။ 

 

အယ် ဒီပိုဇစ်တို မြေအောက်ရေလှောင်ကန်မှာ သမိုင်းတန်ဖိုးကြီးမားတဲ့ ကန်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ ဝင်လာတော့ ရေတွေကို ဖောက်ချပြီး လက်နက်တွေသိမ်းဆည်းထားတဲ့ လှိုဏ်ခေါင်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ အမေရိကန်တွေက ရေလှောင်ကန်ရဲ့ မြေပေါ်အဆောက်အအုံကို ဖျက်ဆီးခဲ့ပါတယ်။  စစ်ပွဲတွေပြီးဆုံးသွားချိန်မှာ ရေလှောင်ကန်ကို လျစ်လျူပြုလိုက်ရာ အမှိုက်စွန့်ပစ်ရာနေရာ ဖြစ်လာသလို အိုးအိမ်မဲ့တွေ ဝင်ရောက်နေထိုင်ရာအဖြစ် နှစ်ပေါင်း ၅၀ လောက် အသုံးပြခံခဲ့ရပါတယ်။ 

 

၁၉၇၃ ခုနှစ်က ဖိလစ်ပိုင်အစိုးရက အဲဒီမြေအောက်ရေလှောင်ကန်ဟာ အမျိုးသားမှတ်တမ်းဝင်နေရာ တယ်လို့ ကြေညာပြီး ၂၀၁၆ ခုနှစ်မှစတင်ပြီး လေးနှစ်တာ သန့်ရှင်းရေးကို စတင်ပြုလုပ်ခဲ့ပါတယ်။  

 

1

 

မြေအောက်ရေလှောင်ကန်အတွင်းမှာ သံ လျှောက်လမ်းတွေနဲ့ တခြားဆောက်လုပ်ရေးတွေ လုပ်ဆောင်ကြရာ လာမယ့်ဖေဖော်ဝါရီမှာ လူထုကို ဝင်ရောက်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

 

ဖရက်ဒီနန် မက်ဂဲလမန် က ဖိလစ်ပိုင်နိုင်ငံကို ရှာဖွေတွေရှိတာ ၂၀၂၁ ခုနှစ်ဆိုရင် နှစ် ၅၀၀ ပြည့်မှာ ဖြစ်ပြီး စပိန်နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို နှစ်ပေါင်း ၄၀၀ နီးပါး ကိုလိုနီပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP