ပုပ်ရဟန်းမင်းရဲ့ ထိုင်းနိုင်ငံခရီးစဉ် 

၂၂ နိုဝင်ဘာ

 

ပုပ်ဖရန့်စစ် ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို လူငယ်ထုနဲ့ တွေ့ဆုံပြီး ဒီကနေ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ဗန်ကောက်မြို့အပြင်ဘက်ရှိ သက်တမ်း ၁၃၀ ကျော် စိန့်ပီတာ ခရစ်ယန်ဘုရားကျောင်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ 

4

 

ပုပ်ရဟန်းမင်းရဲ့ အာရှခရီးစဉ်ဟာ ဘာသာပေါင်းစုံ ဟာမိုနီဖြစ်ရေးအတွက် သတင်းစကားပေးချင်တဲ့ သင်္ကေတကို ဆောင်ပါတယ်။ ထိုင်းနိုင်ငံက မူဆလင်လူငယ်တွေကလည်း ပုပ်ရဟန်းမင်းအတွက် choir သီဆိုပေးဖို့ လေ့ကျင့်နေတာကိုလည်း တွေ့ရပါတယ်။

 

ပုပ်ရဟန်းမင်း ဟာ မနေ့က ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို ထိုင်းဘုရင်နဲ့မိဖုရားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း ပုပ်ရဟန်းမင်းကို ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် လူထုနဲ့တွေ့ဆုံရာမှာ အမျိုးသမီးနဲ့ ကလေးများတွေအကြောင်းနဲ့ပတ်သတ်ပြီး ပြောကြားရာတွင် လိင်လုပ်သားတွေနဲ့ လူကုန်ကူးခံရသူတွေကို ပိုပြီးကြင်နာလေးစားစွာဆက်ဆံဖို့ ပြောဆိုခဲ့ပါတယ်။ 

 

5

 

ထိုင်းနိုင်ငံလူဦးရေရဲ့ ဝ.၅ ရာခိုင်နှုန်းဟာ ကတ်သရစ်ဘာသာဝင် ဖြစ်ပြီး စုစုပေါင်း ၄၀၀,၀၀၀ ခန့် သာရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ပုပ်ဂျွန်ပေါလ်-၂ ဟာ ထိုင်းနိုင်ငံကို လာရောက်ဖူးပါတယ်။

 

မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP