၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကက်ပြိုင်ပွဲများကျင်းပ

နေပြည်တော်  ၂၂   နိုဝင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကက် ပြိုင်ပွဲများကို နိုဝင်ဘာ ၂၆ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၁၊ ၂၊ ၃) တို့၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ အမျိုးသားပြိုင်ပွဲဝင် အသင်း ၁၄ သင်းနှင့်  အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ ခရစ်ကက်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

မောင်လူမော်