အမေရိကန်သို့လာရောက်လည်ပတ်ရန် အာဖဂန်သမ္မတကို ဒေါ်နယ်ထရန့် ဖိတ်ခေါ်

၂၂ နိုဝင်ဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အာဖဂန်သမ္မတ မိုဟာမက် အာရှက်ဖ် ဂါနီ ကို အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားစာကို အာဖဂန်သမ္မတ က လက်ခံရရှိကြောင်း ကြေညာချက်တစ်စောင်ကို သမ္မတနန်းတော်က ယနေ့ထုတ်ပြန်ခဲ့သည်။

 

အာဖဂန်သမ္မတသည် ယမန်နေ့က တရားဝင်အလည်အပတ်ခရီး ရောက်ရှိနေသည့် အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဖုန်းဖြင့်စကားပြောစဉ်အတွင်း ထိုဖိတ်ကြားချက်ကို ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

 

4

 

ယင်းသို့ပြောဆိုနေစဉ်အတွင်း အမေရိကန်သမ္မတက အာဖဂန်သမ္မတ ဂါနီ အား အာဖဂန်နစ္စတန်ရှိ အမေရိကန်တက္ကသိုလ် ပါမောက္ခ နှစ်ဦး လွှတ်ပေးရေးတွင် ပူးပေါင်းဆောင်ရွက်ပေးသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အာဖဂန်အရှေ့ပိုင်း နာဂါဟာပြည်နယ်ရှိ အစ္စလာ့မ်နိုင်ငံတော် အုပ်စု၏ တိုက်ခိုက်ရေးသမားများ အရေးနိမ့်သွားခြင်းအတွက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း ထိုကြေညာချက်တွင် ထပ်မံဖော်ပြထားသည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ် က နာဂါဟာပြည်နယ်တွင် အစ္စလာ့မ်နိုင်ငံတော်အုပ်စုမှ အဖွဲ့ဝင် ၆၀၀ ကျော်နှင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ၎င်းတို့၏မိသားစုများသည် လုံခြုံရေးတပ်ဖွဲ့များထံ အညံ့ခံခဲ့ကြကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို