ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နယ်လှည့်အသိပညာပေးဆောင်ရွက်

ရှမ်းရွာသစ်   ၁၄  ဇန်နဝါရီ

ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

2645

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ-၃ ဒေါ်ဇင်မိုးအေးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းအရာများ၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာဉပဒေများ ပါဝင်သော အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။    

ဝေဠု(ပြန်/ဆက်)