ကြွက်နှစ်ဟာ သမ္မတ ထရန့်အတွက် ကံကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဖုန်းရွှေဟောကိန်းထုတ်ထား

၂၄ ဇန်နဝါရီ

 

ကမ္ဘာတစ်ဝန်းမှာ ကြွက်နှစ်ကို ကြိုဆိုချိန်မှာ ဖုန်းရွှေဟောသူတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်မယ့်နှစ်လို့ ဟောကိန်းထုတ်စဉ်မှာ ဟယ်ရီနဲ့ မက်ဂန်တို့အတွက်တော့ မရေရာမှုတွေ ရှိနေမယ်လို့ ဆိုပါတယ်။

 

၂၀၂၀ ပြည့်နှစ်ရဲ့ အစမှာ အမေရိကန်သမ္မတနဲ့ Sussexes မြို့စားနဲ့ မြို့စားကတော်တို့အတွက် ရိုက်ခတ်မှု ကြီးကြီးမားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

အမေရိကန်သမ္မတအတွက် သမ္မတရာထူးကနေ ဖြုတ်ချခံရနိုင်တဲ့ တရားရင်ဆိုင်မှုကို ရင်ဆိုင်နေရသလို နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်နေရပါတယ်။ ဟယ်ရီတို့ဇနီးမောင်နှံကတော့ ကနေဒါနိုင်ငံမှာ ဘဝသစ်စဖို့အတွက် တော်ဝင်မိသားစု တာဝန်တွေကို ကျောခိုင်းလိုက်ကြပါတယ်။

 

တရုတ်ဖုန်းရွှေဟောပြောသူတွေ အဆိုအရ ၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ပိုင်းချိန်တွေဟာ သမ္မတ ထရန့်အတွက် လွယ်လွယ်ကူကူနဲ့ အလုပ်တွေ ပြီးမြောက်နိုင်တယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ထရန့်ဟာ ကံဆိုးမှုကို ပြောင်းပြန်လုပ်နိုင်တဲ့ အစွမ်းရှိပြီး၊ သူဖြစ်ချင်တာကို လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး အောင်မြင်မယ်လို့ ဆိုထားပါတယ်။

 

ဟယ်ရီတို့ဇနီးမောင်နှံအတွက်က တော်ဝင်မိသားစုနဲ့ အဆက်အသွယ်မလုပ်ဘဲ မနေနိုင်ခြင်း သို့မဟုတ် အကြောင်းအရာတွေက ကောင်းမွန်ခြင်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။ သူတို့ဇနီးမောင်နှံအတွက် ၂၀၂၃ ခုနှစ်ဟာ ဂရုစိုက်ရမယ့်နှစ်ဖြစ်တယ်။ အဲဒီနှစ်ဟာ သူတို့ရဲ့ ပုံရိပ်ကို အောက်ဆုံးအထိ ဆွဲချနိုင်တယ်လို့ ခန့်မှန်း ဟောပြောထားပါတယ်။

 

MDN

ကိုးကား - AFP