ကွမ်းခြံကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၉၇ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့

ကွမ်းခြံကုန်း    ၂၅   ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၃၉၇)ဦးတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအလိုက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို (၃)လလျှင် တစ်ကြိမ် ပေးအပ်လျက်ရှိရာ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် နေထိုင်သော သက်ကြီးဘိုးဘွား(၃၉၇)ဦးအတွက် တစ်လလျှင် ငွေကျပ်(၁၀ဝ၀ဝ)နှုန်းဖြင့် (၃)လအတွက် သက်ကြီး ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀ဝ၀ဝ)နှုန်း စုစုပေါင်းငွေကျပ်(၁၁၉)သိန်းကျော်ကို သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းစိုး(ရွှေခြံမြေ)